-
သတင်း
အာဏာသိမ်းစစ်တပ် လက်ချက်ဖြင့် သေဆုံးသူ ၂၀၀၀ ရှိလာဟု AAPP ထုတ်ပြန်
သတ်ဖြတ်ခံခဲ့ရသော အရပ်သားပြည်သူ ၂၀၀၀ အတွက် ဝမ်းနည်းပူဆွေးကြောင်း၊ နိုင်ငံတစ်ဝန်းတွင် ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်တပ်၏ လူမဆန်သောကြမ်းကြုတ်ရက်စက်မှုများက စစ်တပ်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး မီးမောင်းထိုးပြနေသည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။
-
သတင်း
ဖယ်ခုံတွင် ပစ္စည်းခိုးပြီး ပြန်လာသော စစ်တပ်နှင့် PNO ချုံခိုတိုက်ခံရ
စစ်ဘေးဒုက္ခသည်တို့၏ နေအိမ်များကို ဖောက်ထွင်းခဲ့သော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟု ဖယ်ခုံ PDF က ပြောသည်။ စစ်တပ်က တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
-
သတင်း
စစ်တပ်၏ မီးရှို့မှုကြောင့် ဒီးမော့ဆိုရှိ ဘုရားကျောင်းတစ်ခုလုံး ပြာကျ
ရက်အတန်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာခဲ့သည့်စစ်တပ်က ပြန်ဆုတ်ချိန်တွင် ဘာသာရေးအဆောက်အအုံများကို မီးရှို့သည့်ပြင် မိုင်းထောင်သွားသည်ဟု KNDF က ဆိုသည်။
-
သတင်း
တပ်မ ၆၆ နှင့် လေးရက်ကြာတိုက်ပွဲတွင် ရရှိခဲ့သော လက်နက်ခဲယမ်းများ KNDF ထုတ်ပြ
လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးပေါ် နယ်မြေစိုးမိုးရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) နှင့်အတူ လွိုင်ကော်နှင့် ဒီးမော့ဆို PDF များက ဇွန် ၁၀ မှ ၁၃ အထိ တိုက်ခိုက်ခဲ့သည်။
-
သတင်း
မွန်၊ ကရင်နှင့် ပဲခူးအရှေ့ခြမ်းရှိ စစ်ကောင်စီစခန်းများကို KNU တိုက်ခိုက်
ဝေါလေရဲစခန်းကို ဝင်တိုက်စဉ် စခန်းမှူးအပါအဝင် ရဲသုံးဦးကို အရှင်ဖမ်းမိကာ ရန်ကုန် - မော်လမြိုင် လမ်းပေါ်ရှိ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်စဉ် စစ်သားသုံးဦး သေသည်ဟု သိရသည်။