-
သတင်း
စစ်တပ် တပ်စွဲခဲ့သည့် ကလေးတောင်ပိုင်းကျေးရွာ မီးရှို့ခံရ၊ အရပ်သား ၂ ဦးသေ
၅၆ အိမ် မီးရှို့ခံရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ သာယာကုန်းတွင် စစ်တပ်က ၂ ဦး ပစ်သတ်ပြီး ၁၀ ဦး ဖမ်းသွားသည်။ စစ်တပ် ၇ ရက်ကြာ စခန်းချပြီး စိတ်ကြိုက်ခိုးယူသည်ဟု ဒေသခံတို့က ပြောသည်။
-
သတင်း
စစ်ကိုင်းဝန်ကြီးချုပ်ကို မုံရွာမှ မြင်းခြံထောင်သို့ စစ်ကောင်စီရွှေ့
စစ်ကောင်စီက ပုဒ်မ ၁၀ ခုဖြင့် စွပ်စွဲကာ ထောင် ၂၅ နှစ် ချထားသော ဒေါက်တာမြင့်နိုင်ကို မူလက ချုပ်နှောင်ထားသည့် မုံရွာမှ မိုင် ၁၀၀ ကျော်ဝေးသည့် နေရာသို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
-
သတင်း
စစ်ရေးပြင်းထန်နေသည့် ကလေးမြို့တောင်ပိုင်းတွင် တိုက်ပွဲထပ်ဖြစ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တိုက်ပွဲ နေ့စဉ် ရှိနေပြီး စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ကို PDF များက ဝိုင်းဝန်းတိုက်ခိုက်နေသည်။
-
သတင်း
ဒီပဲယင်း ကိုင်းကံရွာကို စစ်တပ် မီးရှို့၊ ၈ ဦးထက်မနည်းကို သတ်ဖြတ်
ရခိုင်အခြေစိုက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ရောက်လာပြီး ရွာကို မီးရှို့ကြောင်း၊ စစ်ကြောင်းချီစဉ် တုံ့ပြန်တိုက်ခိုက်မှု မခံရစေရန် ရွာသားများကို ဓားစာခံအဖြစ် ဖမ်းခေါ်ထားကြောင်း သိရသည်။
-
သတင်း
ဝေါလေဒေသ ထိန်းချုပ်နိုင်ရေး နှစ်ဖက်ညှပ်ပြီး စစ်တပ် စစ်ကြောင်းထိုးနေ
အထိနာနေသည့် စစ်ကောင်စီတပ်သည် ဝေါလေဒေသကို စိုးမိုးနိုင်ရန် မွန်ပြည်နယ်အခြေစိုက် တပ်မ ၄၄ မှ တပ်များဖြင့် အင်အားဖြည့်ကာ တောင်နှင့်မြောက် နှစ်ဖက်မှ စစ်ကြောင်းထိုးနေသည်