-
ရုပ်သံသတင်း
“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်”
အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။
-
ရုပ်သံသတင်း
မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်များ သေဆုံးမှုအခြေအနေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မေလ ၁၄ ရက်နေ့က ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့၊ ပင်လယ်ကမ်းစပ်အနီးမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ပင်လယ်ဒီရေ လွှမ်းမိုးခံရပြီး ရိုဟင်ဂျာ ၂၂ ဦး သေဆုံးပြီး ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီက…
-
သတင်း
စစ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ရေလွှမ်းခံရပြီး ၂၂ ဦး သေဆုံး၊ အရေးပေါ်အကူအညီများ လိုအပ်နေ
မိုခါမုန်တိုင်း မဝင်ရောက်မီ ပင်လယ်နှင့် နီးသည့် ဒေသများရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများကို မုန်တိုင်းလွတ်ရာသို့ ရွှေ့ရန် စစ်ကောင်စီတပ်သားများက လာရောက် သတိပေးခဲ့သော်လည်း ဟန်ပြသာဖြစ်သည်ဟု ဆိုသည်။
-
ရုပ်သံသတင်း
မုန်တိုင်းဒဏ်သင့် ရခိုင်လူထုကို အကူအညီပေးဖို့ နိုင်ငံတကာကို AA တောင်းဆို
“ရခိုင်မြောက်ပိုင်းဒေသတစ်ခုလုံးကတော့ မြို့ရွာတွေအားလုံးရဲ့ ၈၀၊ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားတယ်” ယမန်နေ့ (မေ ၁၄) က ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်သွားသော ‘မိုခါ’ ဆိုင်ကလုန်မုန်တိုင်းကြောင့် နေအိမ်ဆောက်အအုံများ ထိခိုက်၊ ပျက်စီးခဲ့ရသော ရခိုင်ပြည်သူများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေဖြင့်…
-
ဆောင်းပါး
စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ဖြစ်လာသော မန္တလေး
တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်လာသည့် နိုင်ငံအလယ်ပိုင်းဒေသသည် အာဏာသိမ်းတပ်အတွက်သာမက တော်လှန်ရေးတပ်ဖွဲ့များအတွက်ပါ ဗျူဟာကျသည့် စစ်မြေပြင် ဖြစ်လာသည်။



