အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်များ သေဆုံးမှုအခြေအနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မေလ ၁၄ ရက်နေ့က ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့၊ ပင်လယ်ကမ်းစပ်အနီးမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ပင်လယ်ဒီရေ လွှမ်းမိုးခံရပြီး ရိုဟင်ဂျာ ၂၂ ဦး သေဆုံးပြီး ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီက သိရပါတယ်။ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်အများစု ပင်လယ်ကမ်းရိုးတန်းဘေးက ဘာဆာလာ စံပြကျေးရွာ၊ ဘာဆာလာ Camp၊ ဒါးပိုင်ရွာ၊ အုန်းတောကြီးကျေးရွာ၊ ဘောဒူဗ ကျေးရွာနှင့် ဗေဒကျေးရွာများမှ ရိုဟင်ဂျာဒုက္ခသည်များဖြစ်ကြပြီး သေဆုံးသူ အရေအတွက်တွေ တိုးတိုးလာပါတယ်။ မေ ၁၄ ရက်နေ့က ဖြစ်ပွားတဲ့ ဖျက်စွမ်းအားကြီးမားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အသက်ဘေးကနေ လွတ်မြောက်လာသူတွေထဲမှာ ၂၀၁၂ ရိုဟင်ဂျာအရေးအခင်းနောက်ပိုင်း စစ်တွေတက္ကသိုလ်အနီး နာဇီကျေးရွာက နေအိမ်ဖျက်ဆီးခံရလို့ ဒုက္ခသည်စခန်းထဲမှာ နေထိုင်နေရတဲ့ Brights Islam (ခ) ကိုတင်လှဟာလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ သက္ကယ်ပြင်က ရိုဟင်ဂျာဒုက္ခသည် Brights Islam (ခ) ကိုတင်လှ ဘယ်လိုလွတ်မြောက်လာပါသလဲ၊ ရိုဟင်ဂျာဒုက္ခသည်တွေ ဘယ်လောက်တောင် သေဆုံးသွားပါသလဲ၊ အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေ ရရှိဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘယ်လောက်တောင် လိုအပ်နေပါသလဲ။ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ နေထိုင်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေသူ မိုခါမုန်တိုင်းကြားက သေကံမရောက် သက်မပျောက် လွတ်မြောက်လာသူ Brights Islam (ခ) ကိုတင်လှကို Myanamar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button