အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်”

အမိုးဖွင့် အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လုံလောက်တဲ့ သတိပေးမှုတွေ နေရာ ရွှေ့ပြောင်းပေးမှုတွေ မလုပ်ခဲ့တာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို တားမြစ် ပိတ်ပင်ထားတာတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုပဲလို့ သူက စွပ်စွဲလိုက်ပါတယ်။

နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတိုက်ပွဲမှာ ဗမာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားမှသာလျှင် ရိုဟင်ဂျာပြည်သူတွေလည်း လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေ ရရှိမယ်လို့ သူက ဆိုပါတယ်။

မိုခါ ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ သေဆုံးရတဲ့ အခြေအနေ၊ နိုင်ငံတကာအကူအညီတွေ အချိန်မီ မရောက်ရှိတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးကို Myanmar Now သတင်းဌာနက တွေ့ဆုံ မေးမြန်းထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button