အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မုန်တိုင်းဒဏ်သင့် ရခိုင်လူထုကို အကူအညီပေးဖို့ နိုင်ငံတကာကို AA တောင်းဆို

“ရခိုင်မြောက်ပိုင်းဒေသတစ်ခုလုံးကတော့ မြို့ရွာတွေအားလုံးရဲ့ ၈၀၊ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားတယ်” ယမန်နေ့ (မေ ၁၄) က ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်သွားသော ‘မိုခါ’ ဆိုင်ကလုန်မုန်တိုင်းကြောင့် နေအိမ်ဆောက်အအုံများ ထိခိုက်၊ ပျက်စီးခဲ့ရသော ရခိုင်ပြည်သူများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေဖြင့် ထောက်ပံ့၊ ကူညီပေးရန် ရက္ခိုင့်တပ်တော် (AA) က တောင်းဆိုလိုက်သည်။ ‘မိုခါ’ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများ၊ လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်များ အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရသူ ခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – ကိုချို

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles