အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရခိုင်စစ်ရှောင်စခန်းတွေက အိမ်ထောင်ဦးစီးအမျိုးသမီးတွေ

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် နေရပ်ကိုစွန့်ခွာရသူတွေထဲမှာ အိမ်ထောင်ဦးစီး အမျိုးသမီးတွေရဲ့ ဘဝဟာ ပိုပြီး ခက်ခဲနေပါတယ်။ စစ်တွေမြို့နယ်က ဒေါ်စန္ဒာဝင်းဟာ တိုက်ပွဲကြောင့် မိသားစုနဲ့အတူ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ဘေးရှောင်လာရပြီး၊ သားသမီးငါးယောက်အတွက် သူ့တစ်ယောက်ထဲ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ 

လက်ရှိ သူနေတဲ့ စစ်ရှောင်စခန်းမှာ အကူအညီ၊ အထောက်အပံ့တွေ မရတော့တာကြောင့် တစ်ရက်ကို ငွေကျပ် ၁,၅၀၀၀ ဝန်းကျင်သာ ရရှိတဲ့ အုတ်ဖိုလုပ်ငန်းတစ်ခုမှာ မိသားစုစားဝတ်နေရေးအတွက် ဖြည့်ဆည်းနေရပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံစားသောက်ကုန်တွေကိုတောင် ပြည့်မီအောင် ဝယ်ယူဖို့ ခက်ခဲနေပြီး၊ ကလေးတွေရဲ့ ပညာရေးစရိတ်ကို မဖြည့်ဆည်းနိုင်သေးပါဘူး။ 

အလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် စစ်ရှောင်စခန်းတွေမှာ အိမ်ထောင်ဦးစီး အမျိုးသမီးတွေအတွက် ပိုမိုခက်ခဲလာနေပြီး၊ မိသားစုတွေရဲ့ အနာဂတ်အတွက် စိုးရိမ်မှုတွေ တိုးလာနေဆဲ ဖြစ်ပါတယ်။ 

ညီထွေး/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles