အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်ဘေးကြားက အသက် ၇၆ နှစ်အဘွားတစ်ယောက်

အသက် ၇၆ နှစ်အရွယ် ဒေါ်တုတ်တိုဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် နားနှစ်ဖက်စလုံး အသံသဲသဲကွဲကွဲ မကြားနိုင်တော့တဲ့အထိ ထိခိုက်ခဲ့ပါတယ်။ ပဲခူးတိုင်း၊ ဖြူးမြို့နယ် ငတိုးခင်ကျေးရွာမှာ တစ်သက်လုံး အေးအေးချမ်းချမ်း နေထိုင်ခဲ့သူဖြစ်ပေမယ့် အသက်အရွယ်ကြီးမှ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဆိုးကျိုးကို ကိုယ်တိုင်ကြုံတွေ့ရတာပါ။ 

ငတိုးခင်ကျေးရွာအပါအဝင် ဖြူးမြို့နယ်အတွင်း ကျေးရွာ ၁၉ ရွာက ဒေသခံတွေဟာ လက်နက်ကြီး၊ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရပါတယ်။ အိမ်ထောင်စု ၁,၇၀၀ ကျော်၊ လူဦးရေ ၇,၀၀၀ ကျော်ဟာ ကိုယ့်ရွာကို မပြန်နိုင်သေးဘဲ နေ့စဉ်စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေကြရပါတယ်။

ကံကောင်းလို့ အသက်ရှင်ခဲ့ပေမယ့် ဒေါ်တုတ်တိုအတွက်တော့ အဲဒီညရဲ့ ကြောက်ရွံ့မှုက ဒီနေ့အထိ မပျောက်သေးပါဘူး။ အဘွားအိုတစ်ယောက်ရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ စိတ်ဒဏ်ရာကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ 

ကိုလှိုင်း/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles