အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“သေရင် ၁ နှစ်ကျော်ပြီ… မသေလို့ ကျန်တာ” — ပဲခူးစစ်ရှောင်တွေရဲ့ ရင်ဖွင့်သံ

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အိုးအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပဲခူးတိုင်း ဖြူးမြို့နယ် ငတိုးခင်ကျေးရွာက ဒေသခံတွေဟာ တစ်နှစ်ကျော်ကြာတဲ့အထိ စစ်ရှောင်ဘဝနဲ့ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ အိမ်ကို ပြန်မနေနိုင်သေးတဲ့ အခြေအနေ၊ အသက်လွတ်မြောက်ခဲ့ပုံနဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သူတို့ကိုယ်တိုင် ပြန်လည်ပြောပြထားပါတယ်။

ဖြူးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ငတိုးခင်အပါအဝင် ကျေးရွာအများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒေသခံအချို့ သေဆုံးခဲ့ရသလို ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

Myanmar Now သတင်းထောက်တွေဟာ ပဲခူးတိုင်း စစ်ဒေသကို သွားရောက်ပြီး စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ စစ်ပွဲကြားမှာ ရှင်သန်ကျန်ရစ်သူတွေရဲ့ အတွေ့အကြုံကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ 

ကိုလှိုင်း/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles