-
သတင်း
မန်းပါချုပ်အငြိမ်းစားပေးမှု တရားဝင်ထုတ်ပြန်မှ သပိတ်လှန်မည်ဟု သမဂ္ဂဆို
တက္ကသိုလ်စားသောက်ဆိုင် တင်ဒါကိစ္စကို စုံစမ်းစစ်ဆေးမှု ပွင့်လင်းမြင်သာရှိရန် ကျောင်းသားများ ထိုင်သပိတ်စတင်ပြီး ရက် ၂၀ အကြာတွင် ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်ခြင်း ဖြစ်သည်။
-
သတင်း
မန္တလေး သက်ငယ်မုဒိမ်း တရားခံကို အလုပ်နှင့် ထောင်ဒဏ် နှစ် ၃၀ ချ
သီဟနိုင် (ခေါ်) အငယ်လေးသည် မုဒိမ်းမှုအတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ် ၂၀ ကျသော်လည်း မိန်းကလေးငယ် မျက်လုံးထိခိုက်ချို့ယွင်းအောင် လုပ်ခဲ့သည့်ပြစ်မှုအတွက် ထောင်ဒဏ်ငါးနှစ်သာရသည့်အပေါ် ဝန်းရံသူများက မကျေနပ်ကြပေ။
-
သတင်း
အဂတိမှုဖြင့် တရားစွဲထားသော FDA ညွှန်ချုပ်ဟောင်းအမှု အထူးအယူခံခွင့်တောင်းခံ
အဂတိကော်မရှင်၏ စွပ်စွဲချက်နှစ်ခုတွင် တစ်ခုကိုသာ မန္တလေးတိုင်းတရားလွှတ်တော်က စွဲချက်တင်ခဲ့သဖြင့် ဥပဒေအရာရှိက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အထူးအယူခံခွင့် တောင်းခံထားခြင်းဖြစ်သည်။
-
သတင်း
ဗကသဟောင်း ကိုရဲရင့်ကျော်ကို ထောင် ၃ လချ
ပြည်တွင်းငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းဆန္ဒပြခဲ့သော ကိုရဲရင့်ကျော်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေရန် ယနေ့အမိန့်ချလိုက်သည်။ ” နိုင်ငံရေးအမှုဆိုတာ…
-
သတင်း
အတင်းအကျပ်တရုတ်ဇနီးမယားဖြစ်ရမည့် အရေးမှ မြန်မာအမျိုးသမီးငယ်တစ်ဦး လွတ်မြောက်လာ
တရုတ်များက မြန်မာမိန်းကလေးငယ်အား ခေါ်ဆောင်သွားသည်ကို မြန်မာတစ်ဦးက မိုဘိုင်းဖုန်းဖြင့် ရုပ်သံရိုက်ကူးကာ Facebook ပေါ်တင်ခဲ့ပြီးနောက် မိသားစုနှင့် လနှင့်ချီကြာ အဆက်အသွယ်ပြတ်နေခဲ့သည့် အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ် လူကုန်ကူးခံခဲ့ရကြောင်း သိရှိခဲ့ကြခြင်းဖြစ်သည်။