-
သတင်း
တရုတ်အများစုပါဝင်သည့် နိုင်ငံခြားသား ၉၀၀ ကျော် မင်းလက်ပံကျားဖြန့်စခန်းကိုစွန့်ခွာရန် ငြင်းဆန်နေဟု KNU ထုတ်ပြန်
မြဝတီမြို့နယ် ကျေးလက်ဒေသ ကျားဖြန့်လုပ်ငန်းခွင်ဝန်းကျင်တွင် တိုက်ပွဲအချိန်မရွေးဖြစ်ပေါ်လာနိုင်သော်လည်း နိုင်ငံခြားသား ၉၀၀ ကျော်က ထိုနေရာမှထွက်ခွာသွားခြင်းမရှိဟု သိရသည်။
-
သတင်း
မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်ရုံစီးနင်းမှု တရုတ်တစ်ဦး အပါအဝင် ၅ ဦးထက်မနည်း သေဆုံး
မြဝတီမြို့နယ်၊ မင်းလက်ပံရွာ ကျားဖြန့်ရုံ စီးနင်းမှုအတွင်း တရုတ်လူမျိုးတစ်ဦးအပါအဝင် သေဆုံးသူ ငါးဦးထက်မနည်း ရှိနေပြီး KNU ဘက်က ၎င်းတို့လက်ချက်မဟုတ်ဘဲ အချင်းချင်းသတ်ဖြတ်မှုဖြစ်ကြောင်း ပြောသည်။
-
သတင်း
ပါဝင်မှုယာယီရပ်ဆိုင်းသည့်ကိစ္စ NUCC မဆက်သွယ်လာသေးဟု KNPP ဆို
နိုင်ငံရေးအရ အမြင့်ဆုံးမဟာမိတ်စုဖွဲ့မှုဖြစ်သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် အမည်ဖော်ပြ၍ ပါဝင်ထားသော လက်နက်ကိုင်သုံးဖွဲ့ အနက် နှစ်ဖွဲ့က ပါဝင်မှုယာယီ ရပ်ဆိုင်းလိုက်ခြင်းကို ညှိနှိုင်းမည်ဟု ဆိုသော်လည်း စာတင်သည့်နေ့မှစ၍ ယနေ့အထိ NUCC က မဆက်သွယ်သေးပေ။
-
သတင်း
ထိုင်း-မြန်မာနယ်စပ်မောတောင်မှစစ်ရှောင်၂,၀၀၀ကျော်ထိုင်းနိုင်ငံတောင်တန်းများပေါ်တွင်ခိုလှုံနေရ
ထိုင်း-မြန်မာနယ်စပ် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ တနင်္သာရီမြို့နယ် မောတောင်မြို့မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၂၀၀၀ ကျော်သည် ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင် Singkhong ရွာအနီး တောင်တန်းပေါ်တွင် တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူအချို့ထံမှသိရသည်။
-
သတင်း
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ မောတောင်ကို KNU ထိန်းချုပ်
နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ တနင်္သာရီတိုင်း၏ အရှေ့ဘက် မောတောင်မြို့ကို လေးရက်ကြာ တိုက်ခိုက်ပြီးနောက် မြို့ကိုထိန်းချုပ်လိုက်သည်၊ လက်ကျန်စခန်းကုန်း အပြီးသတ်ရှင်းလင်းနေသည် ဟု KNU တပ်မဟာ (၄) ထံက သိရသည်။



