-
ရုပ်သံသတင်း
စစ်မှုထမ်းဥပဒေကို အကောင်အထည်မဖော်သင့်သေးကြောင်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ ပြောကြား
အာဏာသိမ်းစစ်တပ်က တက်သုတ်ရိုက်အကောင်အထည်ဖော်နေတဲ့ စစ်မှုမထမ်းမနေရဥပဒေကို လက်ရှိကာလမှာ အကောင်အထည်မဖော်သင့်သေးဘူးလို့ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့က ဝေဖန်လိုက်ပါတယ်။ အသက်အရွယ်အကျုံးဝင်သူတွေကို စာရင်းကောက်ယူတာ၊ စစ်မှုထမ်းဖို့ မဲနှိုက်တာတွေကို စစ်တပ်နဲ့ စစ်တပ်ဩဇာခံ အုပ်ချုပ်ရေးအဖွဲ့တွေက နိုင်ငံတစ်ဝန်းမှာ အခုရက်သတ္တပတ်အတွင်း စတင်အကောင်အထည်ဖော်နေတာပါ။ ဒါကြောင့်…
-
သတင်း
ထိုင်းဘက် ထွက်ပြေးသည့် စစ်သားများအရေး စစ်ကောင်စီနှုတ်ဆိတ်နေ
ကရင်လက်နက်ကိုင်တပ် KNU/KNLA နှင့် မဟာမိတ်တို့၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသည် ယမန်နေ့ ညနေပိုင်းက နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည့် ဖြစ်ရပ်ကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းမထုတ်ပြန်ဘဲ နှုတ်ဆိတ်နေသည်။ ထိုင်းဘက် ထွက်ပြေးခဲ့သည့်…
-
ရုပ်သံသတင်း
စစ်ကောင်စီကို တိုက်ရေး၊ မတိုက်ရေး မူဝါဒနှစ်ခုကြားက မွန်ပြည်သစ်အကွဲအပြဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ချုပ်ဆိုခဲ့သော မွန်ပြည်သစ်ပါတီ (NMSP) ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ စစ်အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာတွင် ပေါ်ပေါက်ခဲ့သည်။ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အပစ်ရပ်ထားသော မွန်ပြည်သစ်ပါတီ၏ ခေါင်းဆောင်တချို့သည် အာဏာသိမ်းစစ်တပ်နှင့်…
-
သတင်း
စစ်ကောင်စီ ဗိုလ်မှူးကြီးနှင့် စစ်သား ၆၀ ခန့် KNU ထံ လက်နက်ချ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုးနှင့် စစ်သား ၆၀ ခန့်သည် ယမန်နေ့ (မတ် ၁၄) က ကရင်လက်နက်ကိုင်တပ် KNU/KNLA တပ်မဟာ ၆ ထံတွင် လက်နက်ချအညံ့ခံခဲ့ကြောင်း…
-
သတင်း
ဖားဆောင်းမြို့ ခလရ ၁၃၅ ကို ကရင်နီတပ်များသိမ်းပိုက်
ကယားပြည်နယ်၊ ဖားဆောင်းမြို့ထဲမှ စစ်ကောင်စီ၏ အမှတ် ၁၃၅ ခြေလျင်တပ်ရင်း (ခလရ) ၏ တပ်စခန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက မတ်ပထမသီတင်းပတ်အတွင်း သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သံလွင်မြစ်ကူးတံတားအနီးရှိ ခလရ ၁၃၅ မှ…



