အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်မှုထမ်းဥပဒေကို အကောင်အထည်မဖော်သင့်သေးကြောင်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ ပြောကြား

အာဏာသိမ်းစစ်တပ်က တက်သုတ်ရိုက်အကောင်အထည်ဖော်နေတဲ့ စစ်မှုမထမ်းမနေရဥပဒေကို လက်ရှိကာလမှာ အကောင်အထည်မဖော်သင့်သေးဘူးလို့ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့က ဝေဖန်လိုက်ပါတယ်။ အသက်အရွယ်အကျုံးဝင်သူတွေကို စာရင်းကောက်ယူတာ၊ စစ်မှုထမ်းဖို့ မဲနှိုက်တာတွေကို စစ်တပ်နဲ့ စစ်တပ်ဩဇာခံ အုပ်ချုပ်ရေးအဖွဲ့တွေက နိုင်ငံတစ်ဝန်းမှာ အခုရက်သတ္တပတ်အတွင်း စတင်အကောင်အထည်ဖော်နေတာပါ။ ဒါကြောင့် နိုင်ငံတစ်ဝန်းက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေ၊ သူတို့ရဲ့ မိဘဆွေမျိုးတွေ စိုးရိမ်၊ ပူပန်မှု မြင့်တက်နေချိန်မှာ စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို ဆက်လက်ကိုင်စွဲထားတဲ့ အဖွဲ့တွေကပါ ခုလို ထုတ်ပြောလာတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ပြည်ပရန် ကာကွယ်ဖို့မရှိသလို ငြိမ်းချမ်းတဲ့ကာလလည်းမဟုတ်လို့ စစ်မှုထမ်းဥပဒေကို အကောင်အထည်မဖော်သင့်ဘူးလို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေးက ပြောပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း မကြုံစဖူး ရှုံးနိမ့်မှုတွေနဲ့ စစ်ရေးရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ စစ်သည်အင်အားဖြည့်တင်းဖို့ ဥပဒေပြဋ္ဌာန်းပြီး အရပ်သားတွေကို ပစ်မှတ်ထားလာတာပါ။ ဒါပေမဲ့ စစ်တပ်ထောက်ခံသူအများစုကတောင် ဒီအခြေအနေမှာ စစ်မှုထမ်းလိုစိတ် မရှိကြပါဘူး။ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့၊ ပြည်သူတွေကို စစ်မှုထမ်းခိုင်းမယ့် ဥပဒေမျိုးဟာ လွှတ်တော်တွင်းဆွေးနွေးငြင်းခုံမှုတွေသာမက လူထုဆန္ဒခံယူပြီးမှသာ ပြဋ္ဌာန်းသင့်တဲ့ဥပဒေမျိုးဖြစ်တယ်လို့ လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာက ပြောပါတယ်။ မေးမြန်း၊ တင်ဆက် – စောရယ်၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button