-
သတင်း
မြောက်ဦးတွင် ဆိုင်ကယ်စီးလာသူတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီး
ကျောက်ကုန်းတန်း ဘုန်းတော်ကြီးကျောင်းကို တပ်နှင့် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး မနေ့ ည ၈ နာရီခွဲခန့်က ရှာဖွေစစ်ဆေးနေစဉ် ဆိုင်ကယ်စီးနင်းလာသည့် ကိုရဲလင်းနိုင်မှာ စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို ရပ်တန့်မပေးသဖြင့် ပစ်ခတ်ရခြင်းဖြစ်သည်ဟု တပ်မတော်က ဆိုသည်။
-
သတင်း
ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌအပါအဝင် ၉ ဦးကို ယနေ့ တရားရုံးရမန်ယူ
စင်ကာပူနိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်သည့် ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌ ကိုဟိန်းဇော်အပါအဝင် ၉ ဦးကို ယနေ့ ဒုတိယအကြိမ် ရမန်ထပ်ယူခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့ (SB)က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုနိုင်ရန် စစ်ဆေးနေခြင်းဖြစ်သည်။
-
သတင်း
မြောက်ဦးတွင် စက်လှေကို သေနတ်ဖြင့် ပစ်၍ တစ်ဦးသေဆုံး
ကိုဘိုသန်းထွန်း အပါအဝင် ၄ ဦးသည် တောင်မြင့်ကျေးရွာမှ ပေါက်ပင်ကွင်းကျေးရွာသို့ မျိုးစပါးကျဲရန် စပါး ၄ အိတ်တင်ကာ ရမ်းချောင်းအတိုင်း စက်လှေဖြင့် သွားရောက်နေစဉ် တိန်ညိုရွာအနီးသို့အရောက် တိန်ညိုတပ်မတော်ထောက်ပို့တပ်က စက်လှေအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
-
သတင်း
ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်
ကံပြင်ရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းရေးလုပ်နေသည့် တပ်မတော်စစ်ကြောင်းများကို AA ကလာရောက်တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဟု တပ်မတော်ဘက်က ဆိုသည်။
-
သတင်း
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ဘူးသီးတောင်ရှိ ကျေးရွာအတွင်း လူ ၂ ဦး ၅ ရက်ကြာပိတ်မိ
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ နွားရုံတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြသောကြောင့် ယင်းရွာသားများအားလုံး အနီးအနားရွာများသို့ တိမ်းရှောင်ကြစဉ် အသက် ၉၀ ကျော်အရွယ်တစ်ဦးနှင့် စိတ်မနှံ့သူတစ်ဦးတို့ ရွာအတွင်းပိတ်မိနေခြင်းဖြစ်သည်။