သတင်း

မြောက်ဦးတွင် စက်လှေကို သေနတ်ဖြင့် ပစ်၍ တစ်ဦးသေဆုံး

တပ်မတော်က စက်လှေကို သေနတ်ဖြင့် ပစ်ခတ်၍ ဦးခေါင်းတွင် ဒဏ်ရာရခဲ့သည်ဆိုသော မြောက်ဦးမြို့နယ် တောင်မြင့်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် ကိုဘိုသန်းထွန်းမှာ မြောက်ဦးမြို့နယ်ဆေးရုံတွင် ယနေ့မနက် နာရီခန့်က သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။

မနေ့နေ့လယ်ပိုင်းက ကိုဘိုသန်းထွန်း အပါအဝင် ဦးသည် တောင်မြင့်ကျေးရွာမှ ပေါက်ပင်ကွင်းကျေးရွာသို့ မျိုးစပါးကျဲရန် စပါး အိတ်တင်ကာ ရမ်းချောင်းအတိုင်း စက်လှေဖြင့် သွားရောက်နေစဉ် တိန်ညိုရွာအနီးသို့အရောက် တိန်ညိုတပ်မတော်ထောက်ပို့တပ်က စက်လှေအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုဘိုသန်းထွန်း၏ အမ မအေးအေးနုက ပြောသည်။

ပစ်ခတ်မှုကြောင့် ကိုဘိုသန်းထွန်းမှာ လက်ဝဲဘက်နားထင်ကို သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ ဦးမှာ စက်လှေကို အကာအကွယ်ယူကာ ထွက်ပြေးခဲ့ရကြောင်း ပစ်ခတ်ခံရစဉ် အတူတူရှိနေခဲ့သည့် မအေးအေးနုက ပြောသည်။

အဲဒီအနားရောက်တာနဲ့ လှမ်းခေါ်တာတွေ ဘာတွေမလုပ်ဘဲ လှမ်းပစ်တာဟု မအေးအေးနုက ပြောသည်။

ပစ်ခတ်ခံရသည့် ကိုဘိုသန်းထွန်းကို တိန်ညိုရွာသားများက ကူညီသယ်ဆောင်ပေးပြီး တိန်ညိုဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အခြေအနေစိုးရိမ်ရသည့်အတွက် ထိုနေ့ ညနေ နာရီတွင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် ကိုဘိုသန်းထွန်း၏ အလောင်းကို မြောက်ဦးမြို့နယ် သုသာန်သို့ မိသားစုက သယ်ဆောင်နေပြီး မနက်ဖြန်(ဇူလိုင် ၂၅ ရက်နေ့)တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောသည်။

မနေ့ မနက် ၁၀ နာရီခန့်က လက္ကာချောင်းတံတားဦးအနီး ရန်ကုန်စစ်တွေကားလမ်းမပေါ်တွင် မိုင်း လုံးပေါက်ကွဲခဲ့ပြီး နာရီအနည်းငယ်အကြာ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်တွင် ကိုဘိုသန်းထွန်းတို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းနှင့် ပစ်ခတ်သည့် အကြောင်းရင်းကို မသိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသွားသည့် ကိုဘိုသန်းထွန်း၏ ဖခင် ဦးမောင်မြစိန်က ၎င်း၏ သားမှာ မိသားစုနှင့်အတူ လယ်ယာလုပ်ကိုင်နေသူတစ်ဦးသာဖြစ်ပြီး တပ်မတော်က အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။

ကျွန်တော်သားကိုပစ်တဲ့ တပ်ကအရာရှိတွေကို ထိထိရောက်ရောက် အရေးယူစေချင်တယ်ဟု ၎င်းက ပြောသည်။

မနေ့က လက္ကာရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းနှင့် တိန်ညိုရွာအနီး စက်လှေကို တပ်က ပစ်ခတ်သည်ဆိုသည့် သတင်းကို မသိရသေးကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

လက္ကာရွာအနီး မိုင်းခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကို ဖုန်းဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

ကိုဘိုသန်းထွန်းတို့နေထိုင်ရာ တောင်မြင့်ကျေးရွာသည် မြောက်ဦးမြို့နယ်၏ မြောက်ဘက် မိုင်ခန့်အကွာတွင်ရှိပြီး တိုက်ပွဲများ၊ ပစ်ခတ်ဖမ်းဆီးမှုများ ခပ်စိပ်စိပ်ဖြစ်ပွားလေ့ရှိသည့် လက္ကာ၊ တိန်ညို၊ အောက်သားကန် စသည့် ကျေးရွာများအနီးတွင်ရှိသည်။

ကျန်ခဲ့သည့် ဧပြီလအတွင်းက တပ်မတော်မှပစ်ခတ်မှုကြောင့် အောက်သားကန်ရွာထိပ် ဈေးဆိုင်တွင်ရှိနေသည့် မစံပယ်မှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးခဲ့ပြီး ၎င်းနှင့်တူရှိနေသည့် မပေါက်စမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သောကြောင့် ရန်ကုန်တွင် ဆေးကုသမှုခံရယူခဲ့ရသည်။

Show More

Related Articles

Back to top button