သတင်း

ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်များတွင် ယမန်နေ့(ဇူလိုင် ၁၇ ရက်)က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားတိုက်ပွဲ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး  ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု AA ပြောခွင့်ရ ခိုင်သုခက ယနေ့ပြောသည်။

ယမန်နေ့ နေ့လယ် နာရီခန့်မှ ယနေ့နံနက် ၆ နာရီခွဲခန့်အထိဖြစ်ပွားသည့် ဘူးသီးတောင်မြို့နယ် ကံပြင်ရွာအနီး တိုက်ပွဲအတွင်း တပ်မတော်မှ ရဟတ်ယာဉ် စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ခဲ့သည်အထိ ပြင်းထန်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ကံပြင်ရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းရေးလုပ်နေသည့် တပ်မတော်စစ်ကြောင်းများကို AA ကလာရောက်တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကိုပြောသည်။

တိုက်ပွဲအတွင်း ရဟတ်ယာဉ် သုံးစွဲပြီး တိုက်ခိုက်ခဲ့သည်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး ၎င်းကရဟတ်ယာဉ်က လေကြောင်းကင်းထောက်တာ တို့တော့ရှိတယ်ဗျ လိုအပ်ရင်တော့ သုံးမှာပေါ့ဗျာ ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ထို့အပြင် ကံပြင်၊ နွားရုံတောင် ၊စေတီတောင်၊ စပါးထား စသည့်နေရာများမှာ AA အဖွဲ့၏ ကျေးရွာအခြေပြုလှုပ်ရှားသည့် အမာခံနယ်မြေများဖြစ်ကြောင်းနှင့် ကံပြင်ရွာအနီးတဝိုက်ကို တပ်မတော်က နယ်မြေရှင်းလင်းရေးများ ဆက်လုပ်နေသောကြောင့် ယနေ့မနက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယမန်နေ့တိုက်ပွဲများအတွင်း AA ဘက်မှ အလောင်းနှင့် လက်နက်များရရှိခဲ့သည်ဟု တပ်ဘက်က ပြောသလို တိုက်ပွဲစဉ်များအတွင်း တပ်မတော်ဘက်မှ ၁၀ ဦးကျဆုံးကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

ယနေ့မနက်တွင် ကံပြင်ရွာအနီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေသကဲ့သို့ ချင်းပြည်နယ် ပလက်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် ကံပြင်ရွာသည် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး ကံပြင်ရွာအပြင် အနီးအနားရွာများဖြစ်သည့် နွားရုံတောင်ရွာ၊ သျှစ်ရှားတောင်၊ ဥယျာဉ်သာ၊ စံဂိုးတောင်၊ ကွမ်းတောင်၊ စပါးထား စသည့်ရွာများတွင် ရွာသားများ တစ်ယောက်မှ မရှိတော့ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက ပြောသည်။

ရွာသားများမှာ ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်စစ်ရှောင်စခန်း၊ ဘူးသီးတောင်မြို့နယ် စေတီတောင်စစ်ရှောင်စခန်းနှင့် ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်ပြင် ဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့ထံမှသိရသည်။

ကံပြင်ရွာအနီးတိုက်ပွဲဖြစ်ပွားသည့် နေရာသို့ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့်အပြင် ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၁ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကိုလည်း ဘူးသီးတောင်မြို့ပေါ်မှကြားရကြောင်း ဦးထွန်းအောင်သိန်းက ပြောသည်။

တိုက်ပွဲတွေ တော်တော်ပြင်းထန်နေတော့ ဒေသခံတွေကတော်တော် ဒုက္ခရောက်နေကြတယ်။ အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေကြတယ်ဟု ၎င်းကပြောသည်။

ဘူးသီးတောင်မြို့၏ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ ကံပြင်ရွာသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့သောကြောင့် စစ်ရှောင်ခဲ့ရသည့် ကျေးရွာဖြစ်သည်။

ကံပြင်ရွာမှ စေတီတောင် ကျေးရွာစစ်ရှောင်စခန်းသို့ တိမ်းရှောင်နေရသည့် ဦးဖိုးသန်းက လယ်ယာလုပ်ကိုင်ရန်အတွက် ရွာသိုပြန်ချင်သော်လည်း မပြန်ရဲသေးကြောင်းပြောသည်။

ရခိုင်စစ်ရှောင်များအရေးကို တစိုက်မတ်မတ်ကူညီပေးနေပြီး တိုက်ပွဲများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို အချက်အလက်စုဆောင်းနေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ဇူလိုင် ရက်နေ့ထုတ်ပြန်ချက်အရ ရခိုင်စစ်ရှောင်စုစုပေါင်း ၅၁,၀၀၀ ကျော်အထိရှိနေသည်။

Show More

Related Articles

Back to top button