အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေး မဟာအောင်မြေကျောက်မျက်ဝိုင်းအနီး နှစ်ရက်ဆက်၍ ဗုံးပေါက်

ယမန်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲတစ်ဦးသေဆုံးခဲ့သည့် မန္တလေးကျောက်ဝိုင်းတွင် ယနေ့ နိုဝင်ဘာ(၅) မွန်းလွဲ (၁၂) နာရီကျော်ခန့်က ဗုံးတစ်လုံး ထပ်မံပေါက်ကွဲသည်။

ယနေ့ပေါက်ကွဲမှုမှာ ကျောက်မျက်ရောင်းဝယ်ရေးစခန်းတည်ရှိရာ ၃၈လမ်း၊ ၈၇လမ်း၊ ဦးပေစိဘုရားအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုအခြေအနေကို အတည်မပြုနိုင်သေးပေ။

ပေါက်ကွဲသံကြားကြောင်း အနီးဝန်းကျင်၌ နေထိုင်သူအချို့က အတည်ပြုသော်လည်း လုံခြုံရေးအခြေအနေအရ သွားမကြည့်ရဲသေးဟု ပြောကြသည်။

“အုန်းဆိုပြီး တစ်ချက်ကြားရတယ်။ ပြီးတော့ အဲဒီနေရာမှာရှိနေတဲ့ ကျောက်သမားတချို့ ပြေးလာကြတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ မနက်ပိုင်း(၆) နာရီခွဲခန့်က ပထမအကြိမ်ပေါက်ကွဲမှုမှာ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအနီး ၈၇ လမ်း၊ ၃၉ လမ်းပေါ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ညာဘက်ရင်ညွန့်ထိခိုက်သွားသည့် အမှတ်(၇)ရဲစခန်းမှ ရဲတပ်ကြပ် ထင်လင်းအောင် ပွဲချင်းပြီးသေဆုံးခဲ့သလို ဒုရဲအုပ် မြင့်ဇော်ဦးလည်း လက်မောင်းနှင့် နားထင် တို့တွင် ပြင်းထန်စွာဒဏ်ရာရခဲ့သည်။

ကျောက်ဝိုင်းအနီး နှစ်ရက်ဆက်ပေါက်ကွဲမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ထံ မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။

ပထမအကြိမ်ပေါက်ကွဲမှုကိုမူ ဗမာ့ဇာမဏီအဖွဲ့(BPO) က ၎င်းတို့လက်ချက်ဖြစ်ကြောင်း၊ စစ်ကောင်စီက ၎င်းတို့၏ ဝင်ငွေရပေါက်ရလမ်းဖြစ်သည့် ကျောက်မျက်ရောင်းဝယ်ရေးစခန်းဖွင့်လှစ်ခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောထားသည်။ ယနေ့ဖြစ်စဉ်နှင့် ပတ်သက်၍မူ အတည်မပြုနိုင်သေးပေ။

ဆိုင်ခန်းပေါင်း(၁၀၀၀) ကျော်ရှိသည့် မဟာအောင်မြေကျောက်မျက်ဝိုင်းကို ပြန်လည်စည်ကားလာစေရန် စစ်ကောင်စီက အတင်းအကျပ်ကြိုးပမ်းနေခြင်းဖြစ်ပြီး အခွန်ငွေမပေးရသည့် ထိုပရိဝုဏ်ပြင်ပ သင်္ဂဇာချောင်းနံဘေးတွင် ရောင်းဝယ်နေသူများကို ကျောက်ဝိုင်းအတွင်း၌သာ လုပ်ကိုင်ရန် စစ်ကောင်စီက ဖိအားပေးထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီတပ်ကို ခုခံမှုများ မန္တလေးတွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်။

ယမန်နေ့ (နိုဝင်ဘာ ၄) တွင် မဟာအောင်မြေမြို့နယ်၌ပင်ရှိသည့် သံလျက်မှော်အနောက်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးလည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button