
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်များ၏ တိုက်ရည်ခိုက်ရည် လျင်မြန်စွာ တိုးတက်လာနေပြီး စစ်သည်အင်အားမှာလည်း မျှော်လင့်ထားသည်ထက် ပိုကောင်းလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ပြောသည်။
ပြည်သူ့တော်လှန်ရေးစပြီဟု ကြေညာပြီး နှစ်လနီးပါးရှိလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအချို့ ပူးပေါင်းပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee/C3C) ဖွဲ့စည်းလိုက်သည့် အခြေအနေများနှင့်ပတ်သက်ပြီး NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
[youtube https://youtu.be/drRhIqiNo3Q]