အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

နှီးဘုရားပါ မီးထဲပါသွားတဲ့ ဆင်မြေရွာရဲ့ ငိုရှိုက်သံ

ဆင်မြေရွာရဲ့ ငိုရှိုက်သံ – ပြာကျသွားတဲ့ ကိုးကွယ်ရာနဲ့ ဘဝတွေ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ဆင်မြေရွာဟာ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေရဲ့ စီးနင်းမီးရှို့မှုကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။ နှစ်ရက်ကြာ တပ်စွဲပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ နှစ်ပေါင်းများစွာ ရှာဖွေစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေဟာ မျက်စိရှေ့မှာပဲ ပြာကျသွားခဲ့ရပါတယ်။

ဒီမီးလောင်မှုမှာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိတဲ့ ချောင်းဦးဒေသရဲ့ ကိုးကွယ်ရာ “နှီးဘုရားဆင်းတုတော်ကြီး” ပါ မီးထဲပါသွားခဲ့ရတာကြောင့် ဒေသခံတွေအတွက် ပစ္စည်းဥစ္စာဆုံးရှုံးမှုထက် ပိုပြီး စိတ်ထိခိုက်စရာ ဖြစ်နေပါတယ်။ စစ်ကြောင်းဝင်လာချိန်မှာ ရွာသားအများစုဟာ အိမ်အသုံးအဆောင်တွေတောင် မယူနိုင်ဘဲ အသက်လွတ်ရာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆင်မြေရွာအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်ဘဝနဲ့ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ အိုးအိမ်၊ ကိုးကွယ်ရာနဲ့ ဘဝတစ်ခုလုံး ဆုံးရှုံးခဲ့ရတဲ့ ဆင်မြင်ရွာသားတွေရဲ့ နာကျင်မှုကတော့ ဆက်လက်ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သတင်းနှင့်ရိုက်ကူး – တင်စိုး(အညာမြေ) 

တည်းဖြတ်၊ တင်ဆက် – မြတ်ကြီး/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button