အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဥရောပမှာ အပူချိန် ၄၀ ဒီဂရီအထက် ကျော်လွန်လာတာကြောင့် ကျောင်းပေါင်း ၁ထောင်နီးပါး ပိတ်ထားရ

ဥရောပတိုက် နိုင်ငံအချို့မှာ နေ့အပူချိန်တွေဟာ  ဇွန်လ ၂၁ ရက်နေ့ကစပြီး ၄၀ ဒီဂရီစင်တီဂရိတ်အထက်ကို ဆက်မြင့်တက်နေတာကြောင့် ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာတော့  ပြင်သစ်နိုင်ငံရဲ့ တစ်ဝက်နီးပါးကို “အနီရောင်အဆင့်” သတိပေးချက် ထုတ်ပြန်ထားရပါတယ်။

ပြင်သစ်နိုင်ငံမှာ ပြည်နယ် ၉၆ ခုရှိတဲ့အနက်က   ၄၉ ခုအထိကို “အနီရောင်အဆင့်”  သတိပေးချက် ထုတ်ပြန်ထားပါတယ်။

 ဒါ့အပြင် နိုင်ငံတွင်းက စာသင်ကျောင်းပေါင်း ၈၄၅ ကျောင်းကို ပိတ်လိုက်ရပြီး နောက်ထပ် ကျောင်းပေါင်း ၁,၈၀၀ မှာလည်း ကျောင်းသားတွေကို ပုံမှန်ထက်စောပြီး အိမ်ပြန်ခွင့်ပြုခဲ့ရတယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် ဩဂုတ်လတုန်းကလည်း ပြင်သစ်မှာ အခုလိုပဲ အပူလှိုင်းကျရောက်ခဲ့ပြီး   လူပေါင်း ၁၅,၀၀၀ လောက် သေဆုံးခဲ့ရတာကြောင့် အာဏာပိုင်တွေအနေနဲ့ အဲဒီလို ထပ်မဖြစ်အောင် ကြိုတင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

အပူချိန် အလွန်အမင်း မြင့်တက်လာခဲ့ရင်   ရထားသံလမ်းတွေနဲ့ လျှပ်စစ်ကေဘယ်ကြိုးတွေ ပျက်စီးနိုင်တဲ့အန္တရာယ် ရှိနေလို့ ပြင်သစ်နိုင်ငံအနေနဲ့ ရထားခရီးစဉ်အချို့ကို ဖျက်သိမ်းထားရသလို အရေးပေါ် အခြေအနေတွေအတွက်လည်း  ရထားဌာနက ဝန်ထမ်းအင်အား ထောင်နဲ့ချီပြီး ထပ်တိုး ချထားရပါတယ်။

အခုလို အပူချိန်တွေ စံချိန်တင် မြင့်တက်လာတာကြောင့်  ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဥရောပနိုင်ငံတွေမှာ  အပူဒဏ်ကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ရပြီး အဲဒီသေဆုံးမှု အများစုဟာ ကြိုတင်ကာကွယ်လို့ရတဲ့ အခြေအနေတွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဥရောပရုံးက ဒီလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button