အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတပ် CDF ဝင်တိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ မီးသတ်ရုံးနှင့် ခရိုင်ထွေအုပ်ရုံးတို့ အောက်တိုဘာ ၁၉ တွင် တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အင်နာကာဗုံးသီးများ၊ သေနတ်များ ကိုင်ဆောင်ထားသည့် မင်းတပ် CDF အဖွဲ့ဝင်များက မနက် ၅ နာရီခွဲဝန်းကျင်၌ ခရိုင်ထွေအုပ်ရုံး၊ ညနေ ၆ နာရီဝန်းကျင်တွင် အင်အား ၃၀ ဝန်းကျင်နီးပါး တပ်စွဲထားသည့် မြို့နယ်မီးသတ်ရုံးတို့ကို ဝင်တိုက်ခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“ထွေအုပ်ရုံးက မှန်တွေ၊ ဘာတွေ ကွဲတယ်။ ခြောက်လှန့်တဲ့သဘော၊ သတိပေးတဲ့သဘောပါတယ်။ ထွေအုပ်ရုံးမှာတော့ အပြန်အလှန်ပစ်ခတ်မှုမျိုးမရှိဘူး။ မြို့နယ်မီးသတ်ကကျတော့ အနီးကပ်ထိ သွားပစ်တော့ ဟိုဘက်ကလည်း အထိအခိုက်အကျအဆုံးတွေရှိတယ်။ အပြန်အလှန်ပစ်ခတ်ကြတယ်။ လူအင်အားကလည်း ပိုများတာကိုး။ နောက်ပိုင်း ကိုယ့်လူတွေက ပစ်ပြီး ပြန်ဆုတ်လာတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

ထို့နေ့က ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ပခုံး၊ လက်မောင်း၊ ရင်ဘတ် ဒဏ်ရာများရသွားသူ ၄ ဦးမှ ၆ ဦးအထိ ရှိနိုင်ကြောင်း၊ CDF-မင်းတပ်ဘက်မှ ထိခိုက်သေဆုံးမှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ခိုက်မှုအပြီး မင်းတပ်မြို့ အဝင်အထွက်ဂိတ်များတွင် စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားသော်လည်း မြို့တွင်းတွင် ပုံမှန်အတိုင်းသွားလာနေကြကြောင်း မင်းတပ်မြို့ခံများထံမှ သိရသည်။ 

“ဒေသခံတွေကတော့ စစ်ရှောင်တာ မရှိသေးဘူး။ ပြီးခဲ့တဲ့လကတော့ အင်အားအလုံးအရင်းနဲ့ တက်လာမယ်ဆိုတော့ စစ်ပြန်ရှောင်ကြတာရှိတယ်။ အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီကလည်း မြို့ပြင်ကို ထွက်ခွင့်မပြုတော့ဘူး။ မြို့ထဲ ကျန်တဲ့အုပ်စုက ကျန်တယ်။ ပုံမှန်ကင်းလှည့်တာတော့ရှိတယ်” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။ 

စစ်ရေးတင်းမာနေသော ချင်းပြည်နယ်တောင်ပိုင်းသို့ အင်အားဖြည့်တင်းရန် မကွေးတိုင်း၊ ကျောက်ထုဘက်မှ တက်လာသော သံချပ်ကာ ၂ စီးနှင့် စစ်ကား အစီး ၈၀ ကျော်ပါဝင်သော စစ်ကြောင်းသည် အောက်တိုဘာ ၁၃ တွင် မင်းတပ်မြို့သို့ ရောက်ရှိလာပြီး နောက်တစ်ရက် (အောက်တိုဘာ ၁၄) တွင် မင်းတပ် – မတူပီဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။ 

ထိုစစ်ကြောင်းသည် အောက်တိုဘာ ၁၉ က မိုင်တိုင် ၂၃ တွင် ညအိပ်ရပ်နားပြီး နေအိမ်တချို့ကို ဖျက်ဆီးကာ ဆိုလာပြားများ၊ အိုးခွက်ပန်းကန်များ ယူဆောင်သွားပြီး နွားနောက် ၆ ကောင်ကို သတ်၍ ပေါင်သားများ လှီးယူသွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ထိုသို့ သောင်းကျန်းခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

မင်းတပ်မှ မိုင် ၁၀၀ ကျော် အကွာအဝေးရှိ မင်းတပ် – မတူပီလမ်းအတိုင်း ချီတက်သည့် ထိုစစ်ကြောင်းသည် ယနေ့တွင် မင်းတပ်မြို့မှ မိုင် ၅၀ ဝန်းကျင်သို့ ရောက်ရှိနေကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

“(CDF အနေဖြင့်) ဖြတ်တိုက်တာမျိုးတော့ မရှိဘူးပဲ ပြောရမယ်။ ရာသီဥတုအနေအထားက ဘယ်လိုမှ အဆင်မပြေဘူး။ သူတို့(စစ်ကြောင်း) တက်လာတဲ့အချိန်မှာ ကျွန်တော်တို့ ၄ ပေ၊ ၅ ပေ အကွာလောက်ကို မမြင်ရဘူး။ ရာသီဥတုက မှိုင်း (မြူ) တွေ တောက်လျှောက်ပိတ်နေတာ။ ရာသီဥတုအနေအထားအရ ဘာမှ လုပ်လို့မရလိုက်ဘူး” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းနှင့် မေလဆန်း၌ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ကြောင်း စစ်ကောင်စီက မေ ၁၃ တွင် ကြေညာခဲ့သည်။  

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button