ရုပ်သံသတင်း

စစ်ကောင်စီတပ်က ချင်းပြည်နယ်ရှိ ဘုရားကျောင်းနှစ်ကျောင်းကို ဖျက်ဆီးဟုဆို

ချင်းပြည်နယ်အတွင်း မိုင် ၄၀ ကျော်ရှည်လျားသည့် ဖလမ်း – ဟားခါး လမ်းပေါ်ရှိ ကျေးရွာသုံးရွာမှ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနှင့် နေအိမ် အလုံး ၃၀ နီးပါးကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖျက်ဆီးပစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ရှိ မြို့တော် ဟားခါးအပြင် တောင်ပိုင်း မင်းတပ်၊ မတူပီဘက်ကိုပါ အောက်တိုဘာလဆန်းမှစ၍ စစ်ကောင်စီက စစ်အင်အား အလုံးအရင်းပို့ထားရာ ထိုအထဲတွင် သံချပ်ကာယာဉ်များလည်း ပါဝင်သည်။

[youtube https://youtu.be/9ZVNTLyD-co]

Show More

Related Articles

Back to top button