အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့အမတ်၏ အိမ်နှင့် ဆိုင်ကို စစ်ကောင်စီတပ် ဒုတိယအကြိမ် ဝင်စီး

စစ်ကိုင်းတိုင်းလွှတ်တော် ကလေးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်လူထုက နှစ်ကြိမ်ဆက်တိုက် မဲပေးရွေးချယ်ထားသော ဒေါ်သန့်ဝေကျော်က ၎င်း၏ နေအိမ်နှင့် စတိုးဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး အဝတ်အထည်နှင့် လျှပ်စစ်ပစ္စည်းအသုံးအဆောင်များကို ယူဆောင်သွားသည်ဟု ယနေ့ အောက်တိုဘာ ၅ တွင် ပြောသည်။ 

အောက်တိုဘာ ၁ ရက်နေ့က ကလေးမြို့တက္ကသိုလ်အနီးရှိ၊ နေအိမ်နှင့် ဆိုင်ကို အရပ်ဝတ်လက်နက်ကိုင်၂၀ ခန့်က သော့ဖျက်ဝင်ရောက်သွားသည်ဟု သိရကြောင်း အသက် ၃၅ နှစ်အရွယ် ဒေါ်သန့်ဝေကျော်က ပြောသည်။

“အိမ်ထဲက ပစ္စည်းတွေကိုလည်း မွှေထားတာအများကြီးဆိုတော့ ဘာတွေယူသွားတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ အိမ်ကို ရှေ့ကနေ သော့ဖျက်ဝင်ပြီး သူတို့ပါလာတဲ့ သော့နဲ့ ပြန်ခတ်သွားတာ”ဟု ၎င်းက ဆက်ပြောသည်။

အဆောက်အအုံနှစ်လုံးအတွင်း ပစ္စည်းများ ဖရိုဖရဲဖြစ်နေသည်ကို Myanmar Now က ကြည့်ရှုရသည့် ဓာတ်ပုံတွင် တွေ့မြင်ခဲ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို မေးမြန်းရန် ယနေ့ ညနေပိုင်းက ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။

အိမ်နှင့် ဆိုင်မှ ပစ္စည်းများကို ယူဆောင်သွားကြခြင်းမှာ မည်သည့်ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်း မသိရသေးပေ။ 

စစ်ကောင်စီတပ်က မေလလယ်တွင်လည်း တစ်ကြိမ်ဝင်မွှေခဲ့ပြီးဖြစ်သည်ဟု ကာယကံရှင်က ဆိုသည်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဒေါ်သန့်ဝေကျော်သည် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။  

စစ်ဗိုလ်ချုပ်ကြီးများက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု အကြောင်းပြ အာဏာသိမ်းပြီးနောက်တွင် NLD အမတ် ဒေါ်သန့်ဝေကျော်ကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကာ ၎င်းကို ဖမ်းမိရေးအတွက် သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟုလည်း စက်တင်ဘာလပိုင်း၌ စစ်တပ်ပိုင် မြဝတီရုပ်သံက ကြေညာထားသည်။

ထို့ကြောင့် ၎င်းမှာ နေအိမ်တွင် မနေထိုင်ဘဲ အခြားနေရာတွင် တိမ်းရှောင်နေထိုင်နေသည်ဟု သိရသည်။ 

နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အပြင် မတရားအသင်းအက်ဥပဒေပုဒ်မ- ၁၇(၁)/ ၁၇(၂) တို့ဖြင့်လည်း ကလေးမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မင်းက တရားလိုလုပ်၍ မေ ၃ တွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဒေါ်သန့်ဝေကျော်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ချိတ်ဆက်၍ Federal Army (ဖက်ဒရယ်တပ်မတော်) ဖွဲ့ရန် ဒေသခံလူငယ်များကို လူသစ်စုဆောင်းခြင်း၊ လက်နက်ကိုင်မည့်လူငယ်များအပါအဝင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများကို ငွေကြေးထောက်ပံ့ခြင်း၊ စစ်ကောင်စီလက်ထက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်းတို့အတွက် တာဝန်ရှိသည်ဟု ယင်းတိုင်ချက်တွင် စွပ်စွဲထားသည်။ 

စစ်အာဏာသိမ်းပြီး ၈ လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ရဟန်းရှင်လူ ပြည်သူ ၁,၁၀၀ ကျော် သေဆုံးခဲ့ရသလို ဖမ်းဝရမ်းထုတ်ခံထားရသူ ၂,၀၀၀ နီးပါးလည်းရှိနေသည်။ ထို့ပြင် ၎င်းတို့ကိုတော်လှန်သည့် ပြည်သူများ၏ နေအိမ်များကို အကြောင်းပြချက်မရှိ ကျူးကျော်ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများကိုလည်း စစ်ကောင်စီက နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button