အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရေတပ်ရန်ကြောင့် ရွှေ့ပြောင်း ငါးဖမ်းနေကြရတဲ့ ရခိုင်ရေလုပ်သားတွေ

လက်ရှိမှာ အာရက္ခတပ်တော်(AA)က ရခိုင်ပြည်တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားပြီဆိုပေမဲ့ ပင်လယ်ပြင်တွေမှာ စစ်ကော်မရှင်ရေတပ်က သွားလာလှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

တံငါလုပ်ငန်းနဲ့ အသက်မွေးတဲ့ ဒေသခံငါးဖမ်းလှေတွေကိုလည်း အလွတ်မပေးဘဲ ငွေညှစ်၊ ဖမ်းဆီးတာတွေ ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်ကလည်း ပေါက်တောမြို့နယ်၊ ဆင်တက်မော် ကျေးရွာက ငါးဖမ်းစက်လှေ ၃စီးကို ရေတပ်က ဖမ်းဆီးထားတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် ဒေသခံငါးဖမ်းသမားတွေဟာ ကမ်းဝေးမထွက်ရဲတော့ဘဲ ကမ်းအနီးမှာသာ ငါးဖမ်းနေကြရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်း အကုန်လုံးပိတ်ဆို့ထားတာကြောင့် ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။ 

သား၊ ငါး၊ ပုစွန်တွေကိုလည်း အရင်ကလို ပြည်မထဲ မတင်ပို့နိုင်တော့တာကြောင့် ဈေးကွက်လည်း မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရိုက်ကူး၊ တင်ဆက် – ညီထွေး/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button