သတင်း

ရိုက်တာသတင်းထောက်နှစ်ဦးအမှု ပြင်ဆင်မှုလျှောက်လွှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်လက်ခံ

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် နှစ်စီ ချမှတ်ခြင်းခံထားရသော ရိုက်တာသတင်းထောက် နှစ်ဦးအတွက် ၎င်းတို့၏ရှေ့နေများက အမှုပြင်ဆင်ချက် လျှောက်ထားခြင်းကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်က ယနေ့တွင် လက်ခံခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလက မင်္ဂလာဒုံမြို့နယ်အတွင်း အဖမ်းခံလိုက်ကြရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးတို့အား အဖမ်းခံရပြီး လအကြာတွင် မြောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် နှစ် ချမှတ်လိုက်သည်။ ယင်းအမှုအတွက် အောက်ရုံးများတွင် အယူခံ တင်သွင်းရာတွင် ပယ်ချခံခဲ့ရပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အမှုပြင်ဆင်ချက်အဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးတော့မျှော်လင့်ပါတယ်။တရားလွှတ်တော်ချုပ်ကတော့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့အတွက် တရားမျှတမှုနဲ့ အမှန်တရားတော့ ပေါ်ပေါက်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

ရိုက်တာသတင်းထောက်များသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရသည့် သတင်းများအတည်ပြုနိုင်ရန်အတွက် အဆိုပါနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ဆုံအင်တာဗျူးနေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း တရားစွဲသော ရဲတပ်ဖွဲ့အနေဖြင့် လျှို့ဝှက်စာရွက်များ စုဆောင်းခြင်းကြောင့်ဟု တရားလိုပြ သက်သေအများအပြားက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က ရဲတိုင်းတွင် မိမိကျင့်ဝတ်၊ မိမိသိက္ခာကိုယ်စီရှိသည်ဟု ဆိုပြီး အဆိုပါအမှုတွင် သတင်းထောက်များကို ရဲတပ်ဖွဲ့မှ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ပုံကို တရားရုံးတွင် အသေးစိတ် ထွက်ဆိုခဲ့သည်။

ထိုသို့ထွက်ဆိုအပြီး မကြာခင် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို အခွင့်မရှိဘဲ သတင်းထောက်များကို လက်ခံစကားပြောသည့်အတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်ဒဏ် နှစ်အပြစ်ပေးကာ ၎င်း၏ မိသားစုများနေနေသည့် နေပြည်တော်ရှိ ရဲလိုင်းခန်းမှ အချိန်အဆိုင်းပဲ ဖယ်ရှားခဲ့သည်။

သတင်းထောက်များကို ကနဦးဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့အင်အား၊ လက်နက်စာရင်းများ ပါဝင်သည့် လျှို့ဝှက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုကြောင့်ဟု ဆိုခဲ့ပေမယ့် နောက်ပိုင်းတွင် လက်ကိုင်ဖုန်းများအတွင်း လျှို့ဝှက်စာတမ်းများပါ တွေ့ရှိသည်ဟု ဆိုခဲ့သည်။

အဆိုပါ လက်ကိုင်ဖုန်းများအတွင်းရှိ စာရွက်စာတမ်းများသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ အများစုဖြစ်ကြောင်း၊ သို့ရာတွင် ထိုစာရွက်များသည် လုံခြုံရေးအဆင့် သတ်မှတ်ထားသည့် စာရွက်များဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ()() အရ ပေးပို့ခြင်း၊ စုဆောင်းခြင်းဆိုသည့် စကားရပ်နှင့် အကျုံးဝင်ကြောင်း၊ ထို့အပြင် ကိုဝလုံး၏ မှတ်စုစာရွက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဖုန်းနံပါတ်များကို တွေ့ရှိခဲ့သည်ဆိုပြီး တရားစွဲအဖွဲ့အစည်းမှ အဆိုပါဥပဒေပါ စကားရပ်ဖြစ်သည့် ပေးပို့ရန်ဆိုသည်ကို အမှီပြုပြီး သတင်းထောက်များကို ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။

သတင်းထောက်များကို စတင်ဖမ်းဆီးစဉ်ကတည်းက ခေါင်းစွပ်အမည်းများစွပ်ပြီး မရမ်းကုန်း မြို့နယ် အောင်သပြေစစ်ကြောရေးသို့ ခေါ်သွားခြင်း၊ သုံးရက်တိုင်တိုင် မအိပ်မနေ စစ်မေးခြင်း၊ နာရီပေါင်းများစွာ ဒူးထောက်စေခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းထောက်များ တရားရင်ဆိုင်စဉ် တရားခွင်အတွင်း ထွက်ဆိုခဲ့ကြသည်။

သို့ရာတွင် တရားလိုပြသက်သေအများစု၏ ထွက်ဆိုချက်များသည် သတင်းထောက်နှစ်ယောက်လုံးနှင့် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်တို့၏ ထွက်ဆိုချက်များနှင့် များစွာကွဲလွဲနေခဲ့သည်။

ရိုက်တာသတင်းထောက်များကို ယခုလို ဖမ်းဆီးထောင်ချခဲ့မှုနှင့် ပတ်သက်ပြီး တရားရင်ဆိုင်စဉ်ကလည်း နိုင်ငံတကာ သံတမန်များက လာရောက်နားထောင်ခဲ့ကြသလို ၎င်းတို့ကို နှစ်ရှည်ထောင်ဒဏ် အပြစ်ပေး လိုက်သည့် အခါတွင်လည်း အမြန်ဆုံးလွှတ်ပေးရန် နည်းအမျိုးမျိုးဖြင့် တောင်းဆိုခဲ့ကြသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရာဇဝတ်ပြင်ဆင်မှုအမှတ် (၂၄၈/)နှင့် လက်ခံထားပြီး၊ယင်းပြင်ဆင်မှုအပေါ်လက်ခံ ကြားနာခြင်းရှိမရှိကို နောက် နှစ်လနီးပါးအကြာတွင် သိနိုင်မည်ဟု ဦးခင်မောင်ဇော်ကပြောသည်။

Show More

Related Articles

Back to top button