အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု ရပ်ဆိုင်းထားရန် ကရင်နီလူငယ်များပြော

(ရန်ကုန်) – ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမအနီးရှိ ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် ထားရှိမည့်အစီအစဉ်အား ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအ ကြား စိတ်ဝမ်းကွဲမှုများနှင့် မတည်ငြိမ်မှုများ ဖြစ်ပွားစေနိုင်သည့်အတွက် ရပ်ဆိုင်းထားရန် ကရင်နီလူငယ်များက ရန်ကုန်တွင်ယနေ့(ဇူလိုင် ၂၄ ရက်) ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားလိုက်သည်။

ပြည်နယ်အစိုးရက ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းလိုက်ကြောင်း ဇူလိုင် ၂၃ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုက ပြောကြားခဲ့သော်လည်း ပြည်သူလူထု၏အစီအစဉ်ဖြင့် လုပ်ဆောင်ပါက ပံ့ပိုးပေးသွားမည်ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် အစီအစဉ်အား ထောက်ခံသူတချို့လည်းရှိနေပြီး စိတ်ဝမ်းကွဲမှုများနှင့် မတည်ငြိမ်မှုများလည်း ဖြစ်ပွားနိုင်သည်ဟု ကရင်နီလူငယ်များသမဂ္ဂကော်မတီဝင် ဥတ္တရာအောင်ကပြောသည်။

“ဗိုလ်ချုပ်ဆိုတာနဲ့ အားလုံးကလည်း လုံးဝလေးစားပြီးသားဖြစ်နေတာကြောင့် ဒါက လုံးဝကို ထိလွယ်ရှလွယ်ကိစ္စကြီး ဖြစ်နေတယ် ” ဟု ကိုဥတ္တရာအောင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိပ်တိုက်ရင်ဆိုင်ရမည့် ပြဿနာများကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဖြစ်သော်လည်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်ကိစ္စကိုတော့ ဆက်လက်ကန့်ကွက်သွားမည်ဟု ကရင်နီ လူငယ်များကပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်၏ပြောဆိုချက်အရ ကြေးရုပ်ထားရှိရေးအစီအစဉ်အား လုံးဝရပ်ဆိုင်းမည့် သဘောမတွေ့ရသည့်အတွက် လက်မခံနိုင်ခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်သည် ရုပ်တုတစ်ခုသာမကပဲ ကရင်နီပြည်နယ်၏ နိုင်ငံရေးနှင့် အမျိုးသားရေးတို့နှင့် ပတ်သက်ဆိုင်သည်ဟု ယူဆကြောင်း ကရင်နီလူငယ်များအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ခွန်ဘားနဒ်က ပြောသည်။

“ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ တည်ရှိမှုကို အသိအမှတ်မပြုဘူးဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးက ခက်ခဲနေဦးမှာပဲ” ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိရေးအတွက် ပြည်နယ်အစိုးရက ဖေဖော်ဝါရီလအတွင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်သည် ဒေသခံများ၏ သဘောထားအတည်ပြုချက် ကိုလည်းရယူထားခြင်းမရှိကြောင်း လူငယ်အဖွဲ့ကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button