
အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်သည့်အပြင် စစ်ကောင်စီလက်ထဲ လက်နက်ရှိလေလေ ပြည်သူကို နှိပ်စက်လေလေ ဖြစ်သည့်အတွက် ရုရှားအနေဖြင့် မြန်မာစစ်တပ်ကို စစ်နက်လက်ရောင်းချမှု လုံးဝမလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက တောင်းဆိုလိုက်သည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတကာ၏ ဖိအားပေးမှုနှင့် အရေးယူပိတ်ဆို့မှုများကို အလူးအလဲ ခံနေရသည့် ရုရှားနိုင်ငံရောက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဘက်ဆိုင်ရာ မြှင့်တင်ပေးမှုများအတွက် ရုရှားကို ‘ကျေးဇူးတင်’ ကြောင်း ၎င်း၏ ခရီးစဉ်အတွင်း ပြောကြားထားသည်။
[youtube https://youtu.be/2giQ-luXWGs]