
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်တွင် ယနေ့ (ဇွန် ၁၀) နံနက်ပိုင်းက စစ်လေယာဉ်တစ်စီးပျက်ကျခဲ့ရာ နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တကဝိသာရနှင့် လေယာဉ်အမှုထမ်း အရာရှိစစ်သည် ၆ ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
လေယာဉ်ပျက်ကျရာတွင် သေဆုံးခဲ့သည့် အရာရှိစစ်သည်ခြောက်ဦးမှာ ဗိုလ်မှူးမိုးထက်ကျော်၊ ဗိုလ်မှူးဇော်ထူး၊ ဗိုလ်ကြီးမြင့်စိုး၊ ဗိုလ်ကြီးစိုးဟိန်းထက်၊ တပ်ကြပ် ကြီး ကောင်းစံဝင်းနှင့် တပ်ကြပ် လမင်းဝင်းသိန်းတို့ဖြစ်ကြောင်း သိရသည်။
[youtube https://youtu.be/e56X18RlQEM]