ရုပ်သံသတင်း

စစ်ကောင်စီက သံဃာများပါမချန် အငြိုးတကြီး ဖမ်းဆီးနှိပ်ကွပ်

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သည်ဟု ကြွေးကြော်ထားသော အာဏာသိမ်းစစ်ခေါင်းဆောင်များက ၎င်းတို့ကို အန်တုဆန့်ကျင်လာလျှင် လူပုဂ္ဂိုလ်များကိုသာမက လူများစုကိုးကွယ်ကြသော ရဟန်း၊ သံဃာတော်များကိုပါ အငြိုးတကြီး ဖမ်းဆီးနှိပ်စက် အကျဉ်းချထားပြီး ဖမ်းဆီးခံထားရသည့် ရွှေညဝါဆရာတော်ဆိုလျှင် ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။

မန္တလေး၊ မစိုးရိမ်တိုက်သစ်မှ အရှင်ရာဇိန္ဒသည် မေ ၂၈ က ဆန္ဒပြရန် ပြင်ဆင်နေချိန် ကားဖြင့်တိုက်ဖမ်းခံရပြီး ရိုက်နှက်ခံရသလို စစ်ကြောရေးစခန်းရှိရာ နန်းတွင်းမှာလည်း ဖားခုန် ခုန်ခိုင်းခြင်း၊ နေပူထားသည့် ကတ္တရာလမ်းပေါ် ဒူးထောက်သွားခိုင်းခြင်း စသဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဟု ကာယကံရှင်က Myanmar Now ကို မိန့်သည်။

[youtube https://youtu.be/VGwwaqqBDps]

Related Articles

Back to top button