
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားသည်ဟု စစ်ကောင်စီဘက်က စွပ်စွဲလိုက်ပြီး နောက်ထပ် အမှု ၄မှု ထပ်စွဲလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို နှစ်မှု၊ အောင်ဆန်းစုကြည်အပါအဝင် ၄ဦးကို နောက်ထပ် ၂မှုနှင့် စုစုပေါင်း အဂတိလိုက်စားမှု ၄မှု ထပ်တိုးပြီး စွဲဆိုလိုက်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
အဆိုပါ အဂတိအမှု လေးမှုတွင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့နှင့် ပူးတွဲစွဲဆိုခံထားရသည့် အမှုတစ်မှုပါဝင်ပြီး အခြားအမှုတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲအမှုဖွင့်ခံထားရသူ သုံးဦးကို မသိရသေးဟု ဆိုသည်။
သတင်းနှင့်ရိုက်ကူး – Myanmar Now
[youtube https://youtu.be/_b5YAncwas8]



