ရုပ်သံသတင်း

ရန်ကုန်ရှိမီတာရုံးများဗုံးပေါက် ဖိအားပေးမှုများရှိသဖြင့် ဝန်ထမ်းတချို့တိမ်းရှောင်

အခွန်မဆောင်ဘဲ အာဏာဖီဆန်နေသည့်ပြည်သူများကို လျှပ်စစ်မီတာခများပေးရန် စစ်ကောင်စီက အတင်းအကျပ်တောင်းလာသဖြင့် ရန်ကုန်မြို့ပြပြောက်ကျားတိုက်ခိုက်ရေးသမားများသည် သတိပေးတုံ့ပြန်သည့်အနေဖြင့် စမ်းချောင်း၊ မင်္ဂလာဒုံ၊ လမ်းမတော်မြို့နယ်များရှိ မီတာရုံးများကို ယနေ့ ဇူလိုင်၉ ရက်နေ့တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သလို ဇူလိုင်လ(၇)ရက်နေ့ကလည်း လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ တာမွေ၊ သဃ်န့်းကျွန်း၊ တောင်ဥက္ကလာမြို့နယ်က မီတာရုံးများကိုလည်း သတိပေးတိုက်ခိုက်ခဲ့ကြသည်။

စစ်ကောင်စီသည် မီတာခများကောက်ခံရန် လျှပ်စစ်ရုံးဝန်ထမ်းများကို ဖိအားပေးနေသဖြင့် မြို့နယ်အချို့တွင် လျှပ်စစ်ဝန်ထမ်းများ ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်သွားကြပြီး တာမွေမြို့နယ်တစ်ခုတည်းတင် လျှပ်စစ်ဝန်ထမ်းနှစ်ဆယ်ဦးကျော် တိမ်းရှောင်သွားခဲ့ကြကြောင်း Myanmar Now ကအတည်ပြုနိုင်ခဲ့သည်။

[youtube https://youtu.be/sUybmxLgV-g]

Show More

Related Articles

Back to top button