ရုပ်သံသတင်း

စစ်ကောင်စီတပ်ပြန်ဆုတ်သော်လည်း ဒီပဲယင်းဒေသခံများ နေရပ်မပြန်ဝံ့

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်များက လက်နက်အင်အားအလွန်အကျွံအသုံးပြုပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ကျေးရွာပတ်ဝန်းကျင် မိုင်၂၀ပတ်လည်အထိ တောနင်းရှာဖွေခဲ့ပြီး ဒဏ်ရာရပြီး ပုန်းခိုနေသည့် ပြည်သူများကို ပစ်သတ်ခဲ့သဖြင့် ဒေသခံအများအပြားသေဆုံးခဲ့ရသည်။

သေဆုံးသူများတွင် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများပါဝင်နေပြီး ယခုအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားသော်လည်း ဒေသခံများနေရပ်မပြန်ဝံ့ကြပေ။

[youtube https://youtu.be/Zit9Z_VtmO0]

Show More

Related Articles

Back to top button