
မတ်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲဲ့ဝင်များက ကမာရွတ်မီဒီယာရုံးခန်းကို ဝင်ရောက်စီးနင်းပြီး ကမာရွတ်မီဒီယာတည်ထောင်သူ ကိုနေသန်မောင်နှင့် ပူးတွဲတည်ထောင်သူ ကိုဟန်သာငြိမ်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့သည် စစ်ကောင်စီ၏ စစ်ကြောရေးတွင် အချိန်ကြာမြင့်စွာ လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။ အမေရိကန်နိုင်ငံသားခံယူထားသူ ကိုနေသန်မောင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ကိုဟန်သာငြိမ်းသည် ယခုအချိန်အထိ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။ ၎င်းတို့ ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် ထောင်တွင်း အခြေအနေများကို Myanmar Now က မေးမြန်းထားပါသည်။
သတင်းနှင့်ရိုက်ကူး – Myanmar Now
[youtube https://youtu.be/0MFJ7Gk43BA]