အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝရမ်းပြေး ဦးအောင်ဝင်းခိုင်တို့၏ ညီအစ်ကိုဝမ်းကွဲ တရားရုံးတွင် သက်သေထွက်

ရန်ကုန် – ရန်ကုန်လေဆိပ်လုပ်ကြံမှုကို စက်တင်ဘာ ၈ ရက်နေ့က ဆက်လက် စစ်ဆေးရာ လုပ်ကြံမှုတွင် အဓိကပါဝင်သည်ဟုယူဆရသော စစ်အရာရှိဟောင်းများနှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သည့် ဦးဇော်မင်းဦးကို တရားလိုပြသက်သေတစ်ဦးအဖြစ် စစ်ဆေးခဲ့သည်။

၎င်းသည် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်ရှိ ကားပြင်လုပ်ငန်း၊ အငှားယာဉ် လုပ်ငန်းတို့တွင် မန်နေဂျာတစ်ဦးအဖြစ် လုပ်ကိုင်သူဖြစ်ပြီး လေဆိပ်သေနတ်သမားကို ရှာဖွေငှားရမ်းခဲ့သည်ဟု ယူဆရသူဦးအောင်ဝင်းဇော်မှာ မန်နေဂျာချုပ် ဖြစ်သည်။

အလုပ်ရှင် ဒေါ်အေးအေးဝင်းသည် နေပြည်တော် ပရဆေးဥယျာဉ်အနီး ပျောက်ကွယ်သွားပြီး ဝရမ်းပြေးဖြစ်နေသူ ဦးအောင်ဝင်းခိုင်၊ အထိန်းသိမ်းခံနေရသူများဖြစ်သည့် ဦးအောင်ဝင်းဇော်၊ ဦးအောင်ဝင်းထွန်းတို့၏ အစ်မကြီး ဖြစ်သည်။

လေဆိပ်လုပ်ကြံမှုအပြီး နောက်တစ်နေ့တွင် တရားလိုပြသက်သေက အလုပ်ရှင်၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ ထိုနေရာသို့ အောင်ဝင်းထွန်း ရောက်လာပြီး ဦးအောင်ဝင်းဇော်ကို ၎င်းတို့ ကိုးကွယ်သည့် တောင်ကလေး ဘုန်းတော်ကြီး၏ ကျောင်းသို့ ကားမောင်းပို့ရန် ပြောဆိုနေသည်ကို ကြားသိခဲ့ရကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရဲစခန်းထွက်ချက်နှင့် မတူ 

တရားလိုပြသက်သေ ဦးဇော်မင်းဦးသည် ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး ခေါ်ယူ စစ်ဆေးသည့် ရဲအရာရှိများကို ပြောဆိုပြီးဖြစ်သည်။ သို့သော်လည်း တရားရုံးတွင် ထွက်ဆိုသည့်အခါ ရဲထံတွင် ပြောဆိုထားသည်များနှင့် တူညီခြင်း မရှိပေ။

ဦးအောင်ဝင်းဇော်သည် သေနတ်သမားကို အလုပ်ရုံသို့ ၁ဝ ကြိမ်ခန့် ခေါ်ဆောင်လာကြောင်း ရဲထံတွင် ထွက်ဆိုခဲ့သည်ဟု ဆိုသည်။ ထိုအချက်နှင့် ပတ်သက်ပြီး အစိုးရ ဥပဒေအကြံပေးက တရားခွင်တွင် မေးမြန်းသည့်အခါ လိုပြသက်သေဖြစ်သူ ဦးဇော်မင်းဦးက မှတ်မိခြင်း မရှိတော့ကြောင်း ပြန်လည်ဖြေကြားသည်။

ဝရမ်းပြေး ဖြစ်နေသူ ဦးအောင်ဝင်းခိုင်သည် ယခင်က နံနက်ပိုင်းတွင်း အားကစား ဝတ်စုံဖြင့် လမ်းလျှောက် လေ့ရှိသည်ကို တွေ့မြင်ရသော်လည်း လုပ်ကြံမှုဖြစ်ပွားပြီးချိန်မှစ၍ ထိုသို့ လမ်းလျှောက်သည်ကို မတွေ့ရတော့ကြောင်း၊ ၎င်း၏နေအိမ်မှ ထွက်ခွာသွားသည်ဟု ကြားသိရကြောင်း ရဲစခန်းတွင် ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

ထိုသို့ ထွက်ဆိုချက် ပေးခဲ့ခြင်း ရှိမရှိ အစိုးရ ဥပဒေအကြံပေးက မေးမြန်းရာ သက်သေက ကျန်းမာရေး ကောင်းမွန်ခြင်းမရှိသောကြောင့် မမှတ်မိတော့ကြောင်း ပြန်လည်ဖြေကြားသည်ကို တွေ့ရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေသည့် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု ၂၃ကြိမ်မြောက် ရုံးချိန်း အထိ သက်သေ ၃၃ဦးကို စစ်ဆေးပြီးဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles