အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖမ်းဆီးခံထားရဆဲ အမေရိကန်သတင်းသမား

Myanmar Now ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးဖြစ်သော Danny Fenster သည် အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ ရက်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။ Danny Fenster သည် Myanmar Now တွင် ၂၀၁၉ နှစ်လယ်ပိုင်းမှ ၂၀၂၀ ဇူလိုင် လကုန်အထိ လုပ်ကိုင်ခဲ့ပါသည်။ Myanmar Now ၏ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်အတွက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် ဖမ်းဆီးခံရပြီးနောက် Myanmar Now တွင် ဆက်လက်လုပ်ကိုင်နေသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် မှားယွင်းစွာတရားစွဲဆိုထားသည်ကို စိတ်မကောင်းစွာကြားသိထားရပါသည်။
Myanmar Now တွင် သူ၏ လုပ်ငန်းတာဝန်မှာ မြန်မာမှ အင်္ဂလိပ်သို့ ဘာသာပြန်ဆိုထားသော သတင်းများကို တည်းဖြတ်ရန်ဖြစ်သည်။ ၎င်းကို သတင်းခန်းစီမံခန့်ခွဲမှုနှင့် ပတ်သက်၍သော်လည်းကောင်း၊ အယ်ဒီတာအလုပ်မဟုတ်သည့် အခြားသောလုပ်ငန်းတာဝန်များသော်လည်းကောင်း ပေးအပ်ထားခြင်း မရှိပါ။ 
Danny Fenster သည် လုပ်ငန်းတာဝန်ကျေပွန်သူဖြစ်ကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသူ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့တန်ဖိုးများကို လွန်စွာအလေးထားသူလည်းဖြစ်သည်။Danny Fenster အကျဉ်းထောင်မှ အမြန်ဆုံးပြန်လည်လွတ်မြောက်လာပြီး သူ၏ မိသားစုဝင်များ၊ သူချစ်ခင်သူများနှင့် ပြန်လည်ဆုံစည်းစေရန် Myanmar Now က စောင့်မျှော်လျက်ရှိပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button