အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုဒိမ်းမှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ရဲဒုတပ်ကြပ်ကို ဖမ်းမိ

၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံထားရပြီး တိမ်းရှောင်နေသော ရဲဒုတပ်ကြပ် တေဇာအောင်ကို  ယမန်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေး အမှတ် (၇) ရဲစခန်းက ပြောသည်။

ထိုဒုတပ်ကြပ်နှင့် အဆက်အသွယ် ရပြီးနောက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းသို့ သွားရောက် ဖမ်းဆီးနိုင်ခြင်း ဖြစ်သည်ဟု စခန်းမှူးက Myanmar Now ကို ပြောသည်။

“သူ့ဆရာ ဒုရဲအုပ်က စည်းရုံးပြီး ပြောတော့ မနေ့က အတွေ့ခံပြီး ကျွန်တော်တို့ အမြန်လမ်း မိုင်တိုင် ၆၆/၆ မှာ တွေ့တော့ ခေါ်လာခဲ့တယ်။ နောက်ဆက်တွဲ ဆက်ပြီး စစ်ဆေးနေပါတယ်” ဟု စခန်းမှူးက ပြောသည်။

အမှု ပေါ်ပေါက်ပြီး ၃ ရက် အကြာတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

မန္တလေးမြို့ မင်းစံရပ်မှ မိန်းကလေးကို ဒုတပ်ကြပ်က တည်းခိုခန်း တစ်ခုသို့ လိမ်လည်ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု သိရသည်။

ဒုတပ်ကြပ်ကို  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှတ် (၇) ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ကလေးငယ်၊ အသက်မပြည့်သေးသူတို့ မတရားပြုကျင့်ခံရသည့် အမှုများ လျော့နည်း ပပျောက်ရေးအတွက် ပညာပေးလုပ်ငန်းက အရေးကြီးသည်ဟု   စခန်းမှူး ရဲအုပ် ခင်ဇော်က ပြောသည်။

            “ကျွန်တော်တို့ဆီမှာ သက်ငယ်မုဒိမ်း ဖြစ်ပွားမှုနှုန်းတွေ များနေတယ်။ သက်ငယ်မုဒိမ်းက ၁၆ နှစ် မပြည့်သေးတဲ့ မိန်းကလေးနဲ့ အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ချစ်ကြိုက်ကြလို့ ဖြစ်စေ ကာမစပ်ယှက်မှုဖြစ်ရင် အမှုမြောက်တာလေ။ ဒီတော့ ပြည်သူတွေက ဥပဒေကို လေ့လာမှု အားနည်းကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အခု အသိပညာပေး ဟောပြောမှုတွေ လုပ်နေပါတယ်။ အရင်ကလည်း လုပ်နေတယ်။ ခုလည်း လုပ်နေပါတယ်”    ဟု စခန်းမှူးက ရှင်းပြသည်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button