အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးမှ ကလေးမုဒိမ်းဆိုင်ကယ်သမား မိပြီ

မန္တလေး အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်အား ခိုးယူ အဓမ္မကျင့်ပြုကျင့်ပြီး မန္တလေးပြင်ဦးလွင် ကားလမ်း နံဘေးတွင် ပစ်ထားခဲ့သည့်တရားခံကို ရှမ်းပြည်နယ်၌ ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပြင်ဦးလွင် မြို့နယ် ပြင်စာရဲစခန်းစခန်းမှူးက ယမန်နေ့က အတည်ပြုပြောကြားသည်။

ဟုတ်ပါတယ် တရားခံမိပါပြီ ရှမ်းပြည်နယ်ရပ်ဆောက်မှာမိပါတယ်။ မန္တလေးခရိုင်က အဖွဲ့တွေ သတင်းစုံစမ်းပြီး သွားပြီးတော့ ဖမ်းဆီးတာ သတင်းကောင်းရပါပြီ။ ဒီတော့မရောက်သေးဘူး CCTV ထဲက တရားခံပါပဲဟု ပြင်စာရဲစခန်း စခန်းမှူး ရဲအုပ်ဝင်းဗိုလ်က ဇန်နဝါရီ ၂၄ ရက်နေ့ညနေက ပြောသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် () မှ အသက် နှစ်အရွယ် မိန်းကလေးငယ်သည် ဒီဇင်ဘာ ၁၄ မွန်းလွဲ နာရီခန့်က မိဘများ၏ အလုပ်ရုံမှ စက်ဘီးဖြင့် တစ်ယောက်တည်း ဈေးဝယ်ထွက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်အကြာတွင် ပျောက်ဆုံးသွားသည့် နေရာမှ မိုင် ၃၀ ခန့်အကွာ မန္တလေးပြင်ဦးလွင် ကားလမ်းနံဘေး ချုံပုတ်ထဲတွင် အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိသည့် လက္ခဏာများဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

ကလေးငယ် ပျောက်ဆုံးသွားသည့် လမ်းကြောင်းတစ်လျှောက်ရှိ လုံခြုံရေးကင်မရာ CCTV မှတ်တမ်းများအရ အသက် ၃၀ မှ ၄၀ အတွင်းရှိ ဆံပင် အဝါရောင် ဆေးဆိုးထားသည့် အမျိုးသားတစ်ဦးသည် ကလေးငယ်အား ဆိုင်ကယ်ဖြင့် ခေါ်ယူသွားသည်ကို တွေ့ရှိခဲ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ ကင်မရာမှတ်တမ်းအရ ခြေရာခံမိရာ ကျူလွန်ထွက်ပြေးတိမ်းရှောင်နေသူမှာ သီဟနိုင်() အငယ်လေး ဖြစ်ကြောင်း သိရပြီး ၎င်းမှာ အခြေတကျနေထိုင်သူ တစ်ယောက်မဟုတ်၍ ဖမ်းဆီးရန် ခက်ခဲမှုများရှိခဲ့ကြောင်း လွန်ခဲ့သောလက Myanmar Now ကိုပြောသည်။

တရားခံ (ပုံ)ကအွန်လိုင်းမှာအရင်ပျံ့သွားတော့ပြေးဖို့အတွက် အခွင့်အလမ်းသာသွားတယ်။ သူလုပ်ထားတဲ့ကိစ္စကို အွန်လိုင်းမှာပျံ့နှံ့သွားတော့ သူကသတိထားနေတဲ့သဘော ဖြစ်နေတာပေါ့အတည်တကျ နေတဲ့ကောင်မဟုတ်ဘူး။ မိဘတွေကလည်းငယ်ငယ်ကဆုံးသွားတော့ ဂျလေဘီလိုကောင်မျိုး ဖြစ်နေတာပေါ့ဟု ၎င်းကပြောသည်။

အဆိုပါအမှုကျူးလွန်သူ သီဟနိုင်()အငယ်လေးကို ရဲက အမြင့်ဆုံးပြစ်ဒဏ် ထောင်နှစ် ၂ဝ အထိ ချမှတ်နိုင်သည့် မုဒိမ်းမှု၊ အမြင့်ဆုံးထောင်ဒဏ် ခုနစ် နှစ်စီ ချမှတ်နိုင်သည့် ကလေးခိုးမှု သာမန်လက်နက်ဖြင့် နာကျင်စေမှုတို့ဖြင့် အမှုဖွင့်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button