အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ဗုံးခိုကျင်းတူးထားလည်း ကြိုတင်သတိထားမှရမယ်”- ဝေဟင်ကင်းထောက်အဖွဲ့

နှစ်ကုန်ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဆုံးရှုံးနယ်မြေတွေကို အပြည့်အဝပြန်ထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုအားကိုးပြီး  အာဏာသိမ်းစစ်တပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေပါတယ်။ 

ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အဦပါမချန် မကြာခဏဗုံးကြဲလေ့ရှိတာကြောင့် အရပ်သားသေဆုံးမှုတွေဟာ ဆက်လက်မြင့်တက်နေပါတယ်။ 

ဒီလိုအခြေအနေမှာ လေကြောင်းအန္တရာယ်ကို ကိုယ်ထူကိုယ်ထ နားစွင့်နေရတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူတွေအတွက် စစ်တပ်ရဲ့လေယာဉ်ပျံသန်းမှုတွေကို ဖော်ပြပေးနေတဲ့ ကင်းထောက်အဖွဲ့တစ်ခုလည်း ရှိပါတယ်။ 

‘ဝေဟင်’ အဖွဲ့လို့ အမည်ပေးထားတဲ့ လေကြောင်းကင်းထောက်အဖွဲ့ကို လူငယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားပါတယ်။ စစ်တပ်ရဲ့လေကြောင်းပျံသန်းမှုတွေကို စောင့်ကြည့်ပြီး ပြည်သူတွေကို လေယာဉ်အန္တရာယ်သတိပြုနိုင်အောင် လူမှုကွန်ရက် Facebook နဲ့ Telegram တို့ကနေ အချိန်နဲ့အမျှ အသိပေးဖော်ပြနေတာပါ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အသက်ကို ကာကွယ်ဖို့ လေကြောင်းအန္တရာယ် သတိပေးချက်တွေက အရေးကြီးတဲ့အကြောင်း ‘ဝေဟင်’ ကင်းထောက်အဖွဲ့ တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ 

ကိုလှိုင်း/ Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button