နှစ်ကုန်ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဆုံးရှုံးနယ်မြေတွေကို အပြည့်အဝပြန်ထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုအားကိုးပြီး အာဏာသိမ်းစစ်တပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေပါတယ်။
ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အဦပါမချန် မကြာခဏဗုံးကြဲလေ့ရှိတာကြောင့် အရပ်သားသေဆုံးမှုတွေဟာ ဆက်လက်မြင့်တက်နေပါတယ်။
ဒီလိုအခြေအနေမှာ လေကြောင်းအန္တရာယ်ကို ကိုယ်ထူကိုယ်ထ နားစွင့်နေရတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူတွေအတွက် စစ်တပ်ရဲ့လေယာဉ်ပျံသန်းမှုတွေကို ဖော်ပြပေးနေတဲ့ ကင်းထောက်အဖွဲ့တစ်ခုလည်း ရှိပါတယ်။
‘ဝေဟင်’ အဖွဲ့လို့ အမည်ပေးထားတဲ့ လေကြောင်းကင်းထောက်အဖွဲ့ကို လူငယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားပါတယ်။ စစ်တပ်ရဲ့လေကြောင်းပျံသန်းမှုတွေကို စောင့်ကြည့်ပြီး ပြည်သူတွေကို လေယာဉ်အန္တရာယ်သတိပြုနိုင်အောင် လူမှုကွန်ရက် Facebook နဲ့ Telegram တို့ကနေ အချိန်နဲ့အမျှ အသိပေးဖော်ပြနေတာပါ။
ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အသက်ကို ကာကွယ်ဖို့ လေကြောင်းအန္တရာယ် သတိပေးချက်တွေက အရေးကြီးတဲ့အကြောင်း ‘ဝေဟင်’ ကင်းထောက်အဖွဲ့ တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



