ကရင်နီ(ကယား) ပြည်နယ်ထဲမှာ စစ်ကော်မရှင်က နယ်မြေစိုးမိုးမှု ပိုရဖို့အတွက် ထိုးစစ်ဆင်နေပြီး အဓိကလမ်းမကြီးကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စစ်ကြောင်းထိုးတာတွေ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲပထမပိုင်းအပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအစမှာ အင်အားပိုဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ဒီးမော့ဆို – ဖရူဆို – ဘောလခဲ – ဖားဆောင်း လမ်းမကြီးတလျှောက်ကို စစ်ကြောင်းထိုးနေတာပါ။ အထူးသဖြင့် ဘောလခဲမြို့နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အပြင် စစ်ရေးကော၊ စီးပွားရေးအရပါ အချက်အချာကျတဲ့ မော်ချီးဒေသကိုပါ ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
သဇင်လှိုင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



