အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်မြို့နယ်တွင် ဗုံးပေါက်ကွဲ၊ လွှတ်တော်အမတ်နှင့် CDM ရဲများအပါအဝင် ငါးဦးသေဆုံး

ယနေ့ (မေ ၃) ညနေပိုင်းတွင် ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ်ရှိ ကမ္ဘီလာရွာ၌ ဗုံးပေါက်ကွဲခဲ့ပြီး NLD ပါတီဝင် လွှတ်တော်အမတ်တစ်ဦးနှင့် CDM ရဲသုံးဦးအပါအဝင် စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ ညနေ ငါးနာရီခန့်တွင် ပြည်မြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု ကမ္ဘီလာရွာ၌ ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့ရာ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ရဲသုံးဦးနှင့် ခြံပိုင်ရှင်ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ 

အထက်ပါငါးဦး သေဆုံးခဲ့သည့်အပြင် အခြား CDM ရဲတစ်ဦးမှာလည်း လက်နှစ်ဖက်လုံး ဖြတ်တောက်လိုက်ရပြီး လက်ရှိတွင် ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း အထက်ပါ ဒေသခံက ပြောသည်။ 

“ဗုံးက တော်တော်ပြင်းပါတယ် ကျွန်တော်တို့ သိရသလောက်တော့ ပါဆယ်ဘူးဖောက်ရာက ဗုံးပေါက်တာတဲ့ခင်ဗျ” ဟု ၎င်းက ဆက်ပြောသည်။

ဦးသက်ဝင်းလှိုင်အပါအဝင် CDM ရဲများသည် ကမ္ဘီလာရွာ၌ လာရောက်တိမ်းရှောင်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ပြီးမကြာမီ ရဲကားနှင့် စစ်ကား ၁၀ စီးခန့် ရောက်ရှိလာကြောင်း ပြည်မြို့ခံ တစ်ဦးကလည်း ပြောသည်။

သေဆုံးသူငါးဦး၏ ရုပ်အလောင်းကို ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံရင်ခွဲရုံတွင် ထားရှိကြောင်းလည်း ၎င်းက ပြောသည်။

ပြည်မြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု ကမ္ဘီလာရွာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button