အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိတ္ထီလာတွင် ဗိုလ်မှူးနှင့် ဗိုလ်ကြီး စကားများရန်ဖြစ်ကာ အချင်းချင်းသေနတ်ဖြင့်ပစ် 

မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ယမန်နေ့ည (ဧပြီ ၂၅) ၉ နာရီခန့်က စစ်တပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦး အရက်မူးစကားများရာမှ အချင်းချင်းသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါ စစ်တပ်အရာရှိနှစ်ဦးမှာ မိတ္ထီလာ ၃၁၅ တပ်မှ ဗိုလ်မှူးဝဏ္ဏဌေးနှင့် မိတ္ထီလာ ၉၉ တပ်မှ ဗိုလ်ကြီးကောင်းမြတ်သွင်ဆိုသူတို့ဖြစ်ပြီး မိတ္ထီလာဈေးအနီး အမှတ်(၂) ရဲစခန်းရှေ့တွင် စကားများခဲ့ခြင်းဖြစ်ကာ ဗိုလ်မှူးဖြစ်သူက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးကောင်းမြတ်သွင်သည် သေနတ်ဒဏ်ရာရရှိခဲ့ပြီး ညတွင်းချင်း မိတ္ထီလာစစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းနှင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ဗိုလ်မှူးကို အချုပ်တွင် ယာယီထိန်းသိမ်းထားသည်ဟု သိရသည်။ 


“ဗိုလ်ကြီးကောင်းမြတ်သွင်က ဒီမှာ နာမည်ဆိုးနဲ့ အတော်စွာတဲ့သူ၊ ဟိုတလောက ဝမ်းတွင်းမှာ ဆရာဝန်တစ်ယောက်ကို ပစ်သတ်တာလည်း သူပဲ။ ပြီးတော့ မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ဖမ်းတာလည်းသူပဲ” ဟု မိတ္ထီလာမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာ အမှတ်(၂) ရဲစခန်းသည် မိတ္ထီလာဈေးကြီးနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော မြို့လယ်ကောင်နေရာဖြစ်ကာ စစ်ကောင်စီလက်နက်ကိုင် အရာရှိအချင်းချင်း အရက်မူးပစ်ခတ်ခဲ့သဖြင့် မြို့နေပြည်သူများ၏ လုံခြုံရေး ပိုမိုစိုးရိမ်ဖွယ်ရှိသည်ဟု မြို့ခံအချို့က ဆိုသည်။ 

ချင်းပြည်နယ် ဟားခါးမြို့တွင် ဧပြီ ၂၃ ရက်ညပိုင်းက ရဲနှင့် စစ်သားများ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ရဲအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအခြေစိုက် မီဒီယာတစ်ခုက ရေးသားဖော်ပြခဲ့သည်။ ထို့အတူ ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်လည်း ယမန်နေ့ (ဧပြီ ၂၅) ညနေပိုင်းက စစ်သားနှင့် ရဲ စကားများရန်ဖြစ်ကာ အချင်းချင်း အပြန်အလှန်ပစ်ခတ်သဖြင့် ရဲတပ်သားသေဆုံးခဲ့ပြီး စစ်သားဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု DVB သတင်းတွင် ဖော်ပြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button