အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘင်္ဂလားပင်လယ်​အော်တွင် အာဏာသိမ်းစစ်တပ်က စစ်​ရေး​လေ့ကျင့်မည်

QUAD ​​အဖွဲ့ဝင်နိုင်ငံများနှင့် ပြင်သစ်ရေတပ် ပူးပေါင်း၍ ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မည့်အချိန်တွင် အာဏာသိမ်း မြန်မာစစ်တပ်ကလည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။ 

ဧပြီ ၄ မှ ၁၁ အတွင်း ဝေဟင်၊ ​ရေပြင်နှင့်​ ရေ​အောက် စမ်းသပ်ပစ်ခတ်မှုနှင့် စစ်​ရေး​လေ့ကျင့်မှု ပြုလုပ်မည်ဟု စစ်တပ်က ယ​နေ့ (ဧပြီ ၄) တွင် ထုတ်ပြန်သည်။

အာရှတိုက်၏ နေတိုးနိုင်ငံများအဖွဲ့ဟု နှိုင်းယှဉ်ခေါ်​ဝေါ်သော QUAD (Quadrilateral Security Dialogue) မှ အ​မေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစ​တြေးလျ ​မဟာမိတ်လေးနိုင်ငံမှ ​ရေတပ်များနှင့် ပြင်သစ်နိုင်ငံမှ ​ရေတပ်များ ပူး​ပေါင်း၍ ဘင်္ဂလားပင်လယ်အော်တွင် ဧပြီ ၅ မှ ၇ ရက်အထိ သုံးရက်ကြာ ​စစ်​ရေးလေ့ကျင့်ကြမည် ဖြစ်သည်။

တရုတ်၏ စိန်ခေါ်မှုကို တန်ပြန်ရေးအတွက် အင်ဒို-ပစိဖိတ်ရေကြောင်းလုံခြုံရေးကို အထက်ပါနိုင်ငံများက တိုးမြှင့်လုပ်ဆောင်ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုသို့ အင်အားကြီးနိုင်ငံများ ပူး​ပေါင်း၍  မြန်မာနိုင်ငံအနီးရှိ ဘင်္ဂလားပင်လယ်​အော်တွင် ​​စစ်​ရေး​လေ့ကျင့်မည့် အချိန်တွင် အာဏာသိမ်းစစ်တပ်ကလည်း စစ်ရေးလေ့ကျင့်မှုဆောင်ရွက်မည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်​ရေး​လေ့ကျင့်​နေစဉ်အတွင်း​ ဘေးအန္တရာယ်မရှိ​စေရန် သတ်မှတ်ထား​သော ဧရိယာ ၁၅ မိုင်ပတ်လည်တွင် သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ရပ်နားခြင်းမပြုရန်၊ ​လေယာဉ်များမှာ ​ပေ ၁၅၀၀၀ ​အောက် ဖြတ်​ကျော်ပျံသန်းခြင်းမပြုရန် အစရှိသဖြင့် ထုတ်ပြန်ကြေညာထားသည်။

မြန်မာစစ်တပ်က အာဏာသိမ်းမှုအ​ပေါ် QUAD ​လေးနိုင်ငံက အပြင်းအထန်ကန့်ကွက်ထားပြီး မြန်မာနိုင်ငံတွင် ဒီမိုက​ရေစီပြန်လည်​ရရှိ​ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းမည်ဟု သဘောထားထုတ်ပြန်ထားသည်။

အဆိုပါ QUAD ​​အဖွဲ့ဝင် ငါးနိုင်ငံ စစ်ရေးလေ့ကျင့်မှုနှင့် အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှု ဆက်စပ်မှုရှိမရှိ မသိရသေးပေ။ 

စစ်တပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ကလည်း တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် ရေတပ်သင်္ဘောတစ်စင်း ဖြတ်သန်းမောင်းနှင်သည့် အချိန်နှင့် တိုက်ဆိုင်စွာ ရခိုင်ဒေသပင်လယ်ပြင်တွင် စစ်တပ်က အမြောက်လက်နက်များ လေ့ကျင့်ပစ်ခတ်မည်ဟု ကြေညာခဲ့သည်။ 

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့တွင် ဖေဖော်ဝါရီ ၁၉ ၌ တပ်မတော်က လေ့ကျင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button