အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီ၏တပ်များက သန်လျင်မှ အရပ်သားတစ်ဦး​ကို ပစ်သတ်

ရန်ကုန်၊ သန်လျင်မြို့နယ် ဆန္ဒပြသူများကို စစ်ကောင်စီ၏တပ်များက ယနေ့ မတ်လ ၂၉ ရက်နေ့တွင် ပစ်ခတ်သဖြင့် ၁ ဦး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ယနေ့ ဗိုလ်ချုပ်ရွာ၌ သပိတ်စစ်ကြောင်းမရှိသော်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်များသည် ရွာအဝင် အရံအတားများကို ဖျက်ဆီးပြီးနောက် ဒေသခံတို့ကို ရှာဖွေ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ဒဏ်ရာရတဲ့သူတွေကိုတော့ ကယ်ဆယ်ရေးကားနဲ့ ကဲ့သယ်လာနိုင်ခဲ့တယ်။ ခေါင်းထိတဲ့ယောက်က ကောက်ချိန်ကို မရသေးဘူး။ သူတို့ လျှောက်လိုက်ပစ်နေတာ။ မီတဲ့လူနာကိုပဲ အရပြန်ဆွဲ ပြန်ထုတ်နေရတာ” ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

ဦးခေါင်းကို ကျည်ထိသေဆုံးသူမှာ ထိုရွာမှ ဦးစိုးဝင်းဆိုသူဖြစ်ပြီး ရုပ်အလောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ယူဆောင်သွားကြောင်း သိရသည်။

ဒဏ်ရာရရှိထားသူများအနက် ခြေထောက်တွင် ကျည်ထိမှန်သူတစ်ဦးသည် ခြေထောက်တစ်ဖက်ဖြတ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ ဗိုက်နှင့် ဆီးခုံတို့တွင် ကျည်ထိမှန်ထားသူများကိုလည်း ဆေးကုသမှုပေး၍ အခြေအနေစောင့်ကြည့်နေကြောင်း မြို့ခံများက ပြောသည်။

စစ်အာဏာသိမ်းမှု ၂ လပြည့်တော့မည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဆန္ဒပြသူများကို နေ့စဉ် ပစ်သတ်နေသော်လည်း မြို့အများအပြားတွင် အရပ်သားအစိုးရ ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်နိုင်သည့် အခြေခံဥပဒေသစ် ပေါ်ပေါက်ရေးတို့အတွက် နည်းမျိုးစုံဖြင့် ဆန္ဒဖော်ထုတ်နေကြသည်။

ဌာနဆိုင်ရာဝန်ထမ်းအများအပြားကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဆက်လက်ပါ၀င်နေဆဲဖြစ်သည်။

နိုင်ငံတကာကလည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။

စစ်ကောင်စီသည် နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိလိုသော်လည်း လူ ၁၀၀ ကျော်ကို ပစ်သတ်ခဲ့သည့် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၎င်းတို့၏ စစ်ရေးပြပွဲကို နိုင်ငံအများအပြားက သပိတ်မှောက်ခဲ့သည်။

အပစ်ရပ်လက်နက်ကိုင်အဖွဲ့အများအပြားကလည်း သပိတ်မှောက်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button