အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဝင်ငွေက မတက်၊ ကုန်ဈေးနှုန်း ခေါင်ခိုက်မှုဒဏ်ကို ကျောကော့အောင် ခံနေရတဲ့ ပြည်သူတွေ

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပေမဲ့ အခြေခံလက်လုပ်လက်စား ပြည်သူတွေရဲ့ ဝင်ငွေကတော့ လိုက်ပြီးတိုးလာတာ မရှိပါဘူး။

ဒါကြောင့် အခုအချိန်မှာ မိသားစုတစ်စုရဲ့ ဝင်ငွေနဲ့ တစ်လတာအသုံးစရိတ် မမျှတော့ဘဲ နေ့စဉ်စားဝတ်နေရေးကိုတောင် အခက်အခဲဖြစ်လာနေပါတယ်။

ဧည့်မထဆန် တစ်အိတ်ကို ကျပ် ၉ သောင်းဝန်းကျင်၊ စားအုန်းဆီ တစ်ပိဿာကို ကျပ် ၁ သောင်းခွဲနဲ့ ကြက်ဥတစ်လုံးကို ကျပ် ၇၀၀ အထိ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်စုရဲ့ ကုန်သွယ်ရေးနဲ့ တင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ရှားပါးလာပြီး၊ အရည်အသွေးမမီတဲ့ ပြည်တွင်းထုတ်ကုန်တွေကိုတောင် ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲနေရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ဇွန်လထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလနောက်ပိုင်း လေးလအတွင်း မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်ခဲ့ပါတယ်။

ဝင်ငွေက မတိုး၊ အခြေခံစားသောက်ကုန်တွေက တက်၊ သယ်ယူစရိတ်က မြင့်လာတဲ့အခါ ဝင်ငွေနည်းမိသားစုတွေအတွက် နေ့စဉ်ဘဝရှင်သန်ရပ်တည်ရေးတောင် အနိုင်နိုင် ဖြစ်လာပါတယ်။ 

နေ့စဉ်စားဝတ်နေရေးအတွက် ဘယ်လိုရုန်းကန်နေကြရသလဲ၊ ဈေးနှုန်းမြင့်တက်မှုဒဏ်ကို နိစ္စဓူဝ ကြုံတွေ့နေရတဲ့ မီးဖိုချောင်ထဲက ဒုက္ခတွေကို ဒီရုပ်သံမှာ ပြောပြထားကြပါတယ်၊

သဇင်လှိုင်/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button