အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အဖိုး၊ အဖွားများနှင့် ဆရာ၊ ဆရာမများကို ထိုင်းကျောင်းသားလူငယ် ပစ်သတ်၊ သေဆုံးသူ ၈ဦးထိ ရှိလာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းမှာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ဦး ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုကို ကျူးလွန်တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိသူဟာ လူငယ်တစ်ဦးဖြစ်ပြီး အဖိုးဖြစ်သူရဲ့ လက်နက်ကို အသုံးပြုပြီးတော့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဒီလူငယ်ဟာ အဖိုးနဲ့အဖွားဖြစ်သူတို့ကို အရင် ပစ်သတ်ခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့မြောက်ဘက် နွန်းထဘူရီခရိုင်ရှိ အထက်တန်းကျောင်းကို ရောက်လာပြီး ထပ်မံ ပစ်ခတ်ခဲ့တာလို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

သေနတ်ပစ်ခတ်သူဟာ အဲ့ဒီကျောင်းမှာတက်နေတဲ့ ၉တန်းကျောင်းသား လူငယ်တစ်ဦး ဖြစ်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းကိုယ်တိုင်လည်းသေဆုံးသွားပြီလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကိုးကားပြီး ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

သတင်းအချို့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက သံသယရှိသူကို ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဖော်ပြကြပြီ အချို့သတင်းတွေမှာတော့ ၎င်းဟာ မိမိကိုယ်ကို သေကြောင်းကြံစည်သွားတာဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button