
ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ NLD ပါတီ ပြည်နယ်ရုံးတွင် NLD ပါတီ နှင့် SNLD ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြပြီး ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်များတွင် လုပ်ပိုင်ခွင့် ပိုမိုရရှိရန် SNLD ပါတီမှ တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတာဝန်များကို ခွဲဝေပေးရန်အတွက် ယေဘုယျသဘောမျိုး ဆွေးနွေးခဲ့ပြီး ယခုတွေ့ဆုံမှုမှစ၍ နောက်ထပ်တွေ့ဆုံဆွေးနွေးရန်အတွက် လမ်းစပွင့်သွားသဖြင့် ကောင်းမွန်သည့် တွေ့ဆုံမှုဖြစ်ကြောင်း SNLD က ဆိုသည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်၊ ဟေမာန်ပြည့်/Myanmar Now
[youtube https://youtu.be/IL1cd4fH5UQ]