ရန်ကုန် — ဩဂုတ်လမိုးကြောင့် စိုစွတ်နေသော ရန်ကုန်မြို့နှင့်အပြိုင် အသက် ၂၄ နှစ်အရွယ် မအိစန္ဒာ၏ မျက်လုံးများသည်လည်း စိုစွတ်နေသည်။ ဆံပင်ကို အုပ်လုံးသိမ်းထားသော ဖြူဖြူသွယ်သွယ်နှင့် ခပ်ချောချော မိန်းကလေး၏ တစ်ခါလည်သားအရွယ် ဖြူဖြူဖွေးဖွေး သားငယ်လေးက နို့ဆာသဖြင့် ဂျီကျသော်လည်း ချစ်စရာကောင်းနေသည်။ သူ့ဇာတ်ကြောင်းကိုပြောနေစဉ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အပိုင် မင်းကုန်း(ဂ)ကျေးရွာဇာတိ ၎င်းသည် သူ့ဇာတ်ကြောင်းကို ပြောပြရန်အတွက် မိုင်ပေါင်းများစွာဝေးသော ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ သူချီထားသည့် ချစ်စဖွယ် ကလေးငယ်သည် သူလိုချင်သဖြင့် ရလာသော ကလေးတော့ မဟုတ်ဘဲ ထိုကလေး၏ဖခင်က သူ့ကို မတရားပြုကျင့်ခဲ့သဖြင့် ရလာသော ကလေးဟု သူက ပြောသည်။ သည့်ထက် ပိုဆိုးသည့်အချက်က ထိုကလေး၏ဖခင်ဟု မအိစန္ဒာ စွပ်စွဲသောသူသည် ၎င်းတို့ မင်းကုန်းရွာမှာပင်ရှိသည့် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ နတ်တလူသာသနာပြုစခန်းမှ ဦးပဉ္စင်းတစ်ပါးဖြစ်နေသောကြောင့်ပင်။
ခုနစ်တန်းအထိသာ ကျောင်းနေဖူးသည့် မအိစန္ဒာသည် မိဘပိုင်လယ်လုပ်ငန်းကို ကူလုပ်ရင်း ကြီးပြင်းခဲ့သူဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ရက်ကန်းပညာ သွားရောက်သင်ကြား
“သုံးဘီးဂိတ်မှာ သူက လှမ်းခေါ်တော့ မမှတ်မိဘူး။ သူက ခေါင်းတုံးကိုမှ လူဝတ်နဲ့။ ဘောင်းဘီတို ဝတ်ထားတယ်။ မျက်မှန်နဲ့။ ဆိုင်ကယ်စီးရမှာမို့လို့ လူဝတ်ခဏ လဲလာတာတဲ့။ ကျွန်မက ‘ဦးပဉ္စင်း၊ စောင်ရော’ ဆိုတော့ ‘တခြားနေရာ သွားယူရမှာ’ လို့ ပြောပြီး ဆိုင်ကယ်ပေါ် တက်ခိုင်းတယ်။ ကိုယ်ဦးတိုက်နေကျ ဘုန်းကြီးပဲလေဆိုပြီး ယုံယုံကြည်ကြည်နဲ့ လိုက်သွားမိတယ်” ဟု ၎င်းက Myanmar Now ကို ပြောပြသည်။
ဦးဝရဉာဏသည် မအိစန္ဒာအား ဘူတာတစ်ခုအနီးရှိ ဒကာ၊ ဒကာမများအိမ်ဟုဆိုသော အဆောက်အအုံတစ်လုံးထဲ ခေါ်သွားပြီး အခန်းထဲလိုက်ခဲ့ဟု ခေါ်သဖြင့် လိုက်ဝင်သွားသည်ဟု ဆိုသည်။ အခန်းထဲ ရောက်သည့်အခါ ထိုဦးပဉ္စင်းက တံခါးပိတ်လိုက်
“ကျွန်မလည်း ‘ဦးပဉ္စင်းရယ် ဘယ်လိုကြီးပြောနေတာလဲ၊ တပည့်တော်က ဘာလို့ အရှင်ဘုရားနဲ့ အိပ်ရမှာလဲ’ ပေါ့။ သူ့ကို မလုပ်ဖို့ ငိုယိုပြီး တောင်းပန်တာ မရဘူး။ ခြေသလုံးဖက်ပြီး တောင်းပန်ခဲ့သေးတယ်၊ ‘မသင့်တော်ပါဘူး ဘုရား’လို့။ သူက ‘နင် အခုရောက်နေတာ ဒါကုလားတည်းခိုခန်းတဲ့။ နင့်ကို ဘယ်သူမှ ကူညီမှာ မဟုတ်ဘူးတဲ့။ နင့်ကို သတ်ထားခဲ့လည်း ဘယ်သူမှ သိမှာမဟုတ်ဘူး’ ဆိုပြီး ပြောတယ်” ဟု ၎င်းက ပြန်ပြောပြသည်။
ဦးဝရဉာဏသည် မအိစန္ဒာကို သားမယားပြုကျင့်ပြီးနောက် ဆေးနှစ်လုံးတိုက်ကာ ရက်ကန်းသင်နေသည့် ရွာသို့ ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။
တစ်ကြိမ်နဲ့မရပ်
မအိစန္ဒာသည် ၂၀၁၆ ခုနှစ် မေလတွင် မင်းကုန်းရွာသို့ ပြန်လာခဲ့ပြီး ရက်ကန်းရက်ကြောင်း၊ ယင်းနှစ် နိုဝင်ဘာလခန့်တွင် ဦးဝရဉာဏသည် မအိစန္ဒာ အိမ်မှာ တစ်ယောက်တည်း ရှိနေစဉ် အိမ်ပေါ်သို့ တက်လာပြီး ဒုတိယအကြိမ် ကျူးလွန်ပြန်ကြောင်း ၎င်းက ဆိုသည်။
“ရွာထဲအိမ်မှာဖြစ်နေတော့ ရှက်တာကြောက်တာလည်း ပါတယ်။ လူကြီးတွေကို ပြန်ပြောရင် သတ်ပစ်မယ်လို့ ပြောတာနဲ့ ကြိတ်မှိတ်သည်းခံလိုက်ရတယ်”
နောက်တစ်လခန့်အကြာတွင် မအိစန္ဒာကို ဦးဝရဉာဏက တတိယအကြိမ် ကျူးလွန်ပြန်သည်ဟု ဆိုသည်။ ကျူးလွန်သည့်နေရာမှာ နတ်တလူသာသနာပြုစခန်းအနီး ၎င်းတို့ လယ်တောရှိ တဲအတွင်းဖြစ်ပြီး ကောက်လှိုင်းတိုက် သွားရောက်စဉ် ထိုဘုန်းကြီးရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
‘ဒီတစ်ခါတော့ ငါလူထွက်ပြီး တကယ်ယူမှာပါ။ နင့်ဘဝကိုလည်း ငါဖျက်ဆီးတာ နှစ်ခါရှိပြီ။ သူက လူထွက်ယူမယ်ပြောနေတော့ ကျွန်မလည်း လက်ခံလိုက်မိတယ်။ ကိုယ့်အပျိုရည်လည်း ပျက်ပြီးမှတော့ နောက်အိမ်ထောင်ပြုဖို့ဆိုတာ မလွယ်တော့ဘူး။ အပျိုစင်လုံးဝမှ မဟုတ်တော့တာ” ဟု မအိစန္ဒာက မျက်ရည်ဝဲရင်း ပြောပြသည်။
ထိုနေ့ ဆက်ဆံပြီးချိန်မှစ၍ မအိစန္ဒာတွင် ကိုယ်လေးလက်ဝန်ရှိလာခဲ့မှန်း သတိပြုမိခဲ့သည်။ ဦးဝရဉာဏကလည်း လက်ထပ်ယူမည်ဟု တွင်တွင်ပြောနေသဖြင့် လူထွက်ပြီး လက်ထပ်မည့်နေ့ကို စောင့်ဆိုင်းခဲ့သော်လည်း ကိုယ်ဝန် တဖြည်းဖြည်း လရင့်လာစဉ် အိမ်မှ ယောက်မဖြစ်သူက သင်္ကာမကင်းဖြစ်ကာ ဆီးစစ်ကြည့်မည်ဟု ဆိုလာသည့်အခါ မအိစန္ဒာတစ်ယောက် ထိတ်လန့်ကာ ထွက်ပြေးဖို့ ဦးဝရဉာဏကို ဆက်သွယ်သည်။ ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ဖြစ်သည်။
ထိုနေ့ညနေတွင် ဦးဝရဉာဏသည် မအိစန္ဒာကို အခြားလူ သုံး၊ လေးဦးနှင့်အတူ ကားဖြင့် ရွှေဘိုမြို့သို့ လိုက်သွားခိုင်းခဲ့သည်။ ဟိုရောက်မှ သူ့ကိုယ်ဝန်ကိုဖျက်ချဖို့ ခေါ်ခဲ့မှန်း သိရသည်။ ကိုယ်ဝန်က ခုနစ်လရှိပြီ ဖြစ်သဖြင့် ဖျက်မရဟု လက်သည်ကပြောသလို မအိစန္ဒာကလည်း သဘောမတူပေ။ မဟာဗောဓိမြိုင်ဆရာတော်အား လှူထားသော ကားဖြင့် ဦးဝရဉာဏကိုယ်တိုင် နတ်တလူကျောင်းမှ ရွှေဘိုသို့ ထိုညတွင် လိုက်လာခဲ့ပြီး မအိစန္ဒာကို မည်သည့်နေရာမှန်း မသိသည့် တောတွင်းတစ်နေရာရှိ နေအိမ်တစ်အိမ်သို့ ခေါ်သွားကာ ၎င်း၏ယောက်ဖအပါအဝင် လူနှစ်ယောက်နှင့် ထားပစ်ခဲ့သည်ဟု ဆိုသည်။
“အဲဒီမှာ လေး၊ ငါးရက်လောက်နေတော့ ဘုန်းကြီးရဲ့ ညီဝမ်းကွဲ အောင်ဖြိုးဝေရောက်လာပြီး သူနဲ့ ဟန်ဆောင်လက်ထပ်ခိုင်းတယ်။ အောင်ဖြိုးဝေနဲ့ လူသိရှင်ကြား ရွာမှာ လက်ထပ်မယ်ဆိုရင် ရွာပြန်ပို့ပေးမယ်၊ လက်မထပ်ရင် ပြန်မပို့ပေးဘူးတဲ့။ ကျွန်မလည်း ကိုယ်ဘယ်ရောက်နေမှန်းတောင် မသိရဘူး။ ‘နင့်ကို ရောင်းစားပစ်လိုက်လို့ရတယ်’
ဘုန်းကြီး၏ ညီဝမ်းကွဲ အောင်ဖြိုးဝေသည် သူနှင့် ဟန်ဆောင်လက်ထပ်ပေးသဖြင့် ဆိုင်ကယ်တစ်စီးနှင့် ကျပ်သုံးသိန်း ဘုန်းကြီးထံမှ ရကြောင်း၊ အောင်ဖြိုးဝေနှင့် မအိစန္ဒာတို့သည် ဟန်ဆောင်လက်ထပ်ခြင်းသာဖြစ်ပြီး တစ်ကြိမ်မှ ကာမဆက်ဆံခဲ့ခြင်း မရှိကြောင်း မအိစန္ဒာက ပြောသည်။ ထို့နောက် မိတ္ထီလာမြို့နယ်ရှိ ညောင်ပင်သာရွာသို့ အောင်ဖြိုးဝေက သူ့ကိုခေါ်သွားပြီး ၎င်း၏ မိဘများအိမ်တွင် ထားခဲ့သည်ဟု ဆိုသည်။ ညောင်ပင်သာရွာမှာပင် သားယောက်ျားလေးကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် မီးဖွားခဲ့သည်။
“အောင်ဖြိုးဝေက ညောင်ပင်သာကို ပို့ပြီးပြီးချင်း နယ်မှာ အလုပ်ရှိလို့ဆိုပြီး ထွက်သွားတယ်။ ကလေး နှစ်လသားရှိမှ ပြန်လာပြီး ရွာပြန်ပို့ဖို့ စီစဉ်တယ်။ ရွာပြန်ရောက်တော့ နှစ်ရက်နေပြီး သူက မန္တလေးပြန်သွားတယ်” ဟု မအိစန္ဒာက ဆိုသည်။ မိသားစုဝင်များက ၎င်းနှင့် အောင်ဖြိုးဝေတို့ အမှန်တကယ် လင်မယားဟုတ်မဟုတ် သင်္ကာမကင်းဖြစ်ပြီး မေးမြန်းရာမှ ဦးဝရဉာဏ၏ ကလေးဖြစ်မှန်း ပြောပြခဲ့သည်။ ဖြစ်ကြောင်းကုန်စင်ကို ဆွေမျိုးသားချင်းများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ကို ပြောပြခဲ့ပြီးနောက်တွင် ကာမလိမ်လည်မှုဖြင့် ကန့်ဘလူမြို့နယ်တရားရုံးသို့ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့သည်။
“စစချင်းကတည်းက မတိုင်ခဲ့မိတာ နောင်တရတယ်။ ကိုယ်လည်း အပျိုရည်ဖျက်ဆီးခံခဲ့ရပြီဆိုတော့ မထူးတော့ဘူးလေ” ဟု မအိစန္ဒာက ပြတင်းပေါက်မှတစ်ဆင့် ရန်ကုန်မြို့ကို ကြည့်ရင်း ပြောသည်။ ဦးဝရဉာဏသည် တခြားသော မာတုဂါမများနှင့်လည်း ဖောက်ပြန်သည့် သတင်းများ ထပ်ကြားရသည်ဟု ပြောသည်။
“ကျွန်မတိုင်ပြီးနောက်ပိုင်း ဘုန်းကြီးနဲ့ဖြစ်လို့ဆိုပြီး ရွာထဲမှာ အသံထွက်လာတာတွေရှိတယ်။ သူ့ဒကာမတွေထဲကပဲလို့ ပြောတယ်။ သူတို့ကတော့ ကျွန်မလို မတိုင်ကြဘူး” ဟု မအိစန္ဒာက ပြောသည်။
ယခုအခါ မအိစန္ဒာသည် ၎င်း၏ သားငယ်၊ မိခင်ဖြစ်သူတို့နှင့်အတူ ကန့်ဘလူခရိုင် ဇီးကုန်းမြို့ရှိ ဆန်စက်ပိုင်ရှင် ဦးလေးဝမ်းကွဲအိမ်တွင် နေထိုင်နေကြသည်ဟု ပြောသည်။ ဦးဝရဉာဏအပေါ် ကာမလိမ်လည်မှုဖြင့် ဦးတိုက်လျှောက်ထားသည့် အမှုအတွက် ရုံးချိန်းသုံးကြိမ် သွားရောက်ပြီးပြီဟု ဆိုသည်။ ကာမလိမ်လည်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်သုံးနှစ်ဖြစ်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးဝရဉာဏကို မြို့နယ်သံဃနာယကကလည်း ခေါ်မေးမြန်းခဲ့သည်။ သို့သော် ဦးဝရဉာဏသည် ဓမ္မစက်၊ အာဏာစက်တို့ဖြင့် အရေးယူမခံရသေးဘဲ နတ်တလူကျောင်းမှာပင် ယနေ့အထိ ဆက်လက် သီတင်းသုံးနေမြဲဖြစ်သည်။
ဦးဝရဉာဏဆိုတာ ဘယ်သူလဲ
မင်းကုန်းရွာ ဇာတိဖြစ်သည့် မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့် တစ်ရွာတည်းသား ဦးဝရဉာဏသည် ဆရာတော်ကြီး ရွာတွင်ရှိစဉ်အခါက ရဟန်းဘောင်ဝင်ခဲ့ပြီး ဆရာတော်ကြီး တောရဆောက်တည်စဉ်မှစ၍ နတ်တလူသာသနာပြုစခန်း၏ ကျောင်းစောင့်ဖြစ်လာခဲ့သည်ဟု ကန့်ဘလူမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ အာလောကစာရက Myanmar Now ကို ဩဂုတ်လ ၃ ရက်နေ့က မိန့်သည်။
ဦးဝရဉာဏကို မအိစန္ဒာနှင့် စွပ်စွဲသည့်ကိစ္စ ကန့်ဘလူမြို့နယ် သံဃနာယကအဖွဲ့က ခေါ်တွေ့မေးမြန်းစဉ် ဦးဝရဉာဏက “ငြင်းလည်းမငြင်း၊ ဝန်လည်းဝန်မခံ”ကြောင်း၊ တခြားကျောင်းသို့ ပြောင်းရွှေ့သီတင်းသုံးရန် တိုက်တွန်းသည့်အခါ ဦးဝရဉာဏက “တပည့်တော် စဉ်းစားပါဦးမယ်” ဟု ပြောကာ ပြန်သွားကြောင်း၊ နောက်ထပ်ခေါ်သည့်အခါ မလာရောက်တော့ကြောင်း ဥက္ကဋ္ဌဆရာတော်က မိန့်သည်။
ရဟန်းဝါ ၂၀ ကျော်ပြီဟုဆိုသည့် ထိုဘုန်းကြီးသည် တပည့်တပန်းပေါများပြီး ဩဇာညောင်းသူဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများက ပြောသည်။ မအိစန္ဒာနှင့်ဖြစ်သော အမှုအပြင် ဦးဝရဉာဏသည် ၎င်းသီတင်းသုံးရာ နတ်တလူသာသနာပြုစခန်း၏ ဂေါပကအဖွဲ့နှင့်လည်း တရားတပေါင်ဖြစ်ထားသည်။
အဆိုပါသာသနာပြုစခန်းတွင် မဟာဗောဓိမြိုင်ဆရာတော်ကိုယ်
ကာလရှည်ကြာ အဆင်မပြေဖြစ်ခဲ့ရာမှ ယခုနှစ်အတွင်း ဂေါပကအစည်းအဝေးလုပ်နေစဉ် ဦးဝရဉာဏ၏ ညီဟုဆိုသူ (ဘုန်းကြီးအဆိုအရ ဒကာ) နှစ်ဦးက ပေါက်ပြားကိုင်ကာ ဝင်ရောက်ခြိမ်းခြောက်သည်ဟုဆိုကာ ဂေါပကအဖွဲ့က ထိုနှစ်ဦးကို ရဲစခန်းတွင် အမှုဖွင့်လိုက်သည်။ ကန့်ဘလူ-ဇီးကုန်းရဲစခန်းက အဆိုပါအမျိုးသား နှစ်ဦးကို ၂၂ ရက်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
စစ်မျက်နှာများတဲ့ ဦးဝရဉာဏ
ဂေါပကအဖွဲ့သည် ဇူလိုင်လအစောပိုင်းတွင် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးထိုင်ပြီး ဦးဝရဉာဏကို သာသနာပြုစခန်းမှ နှင်ရန် ဆုံးဖြတ်ခဲ့သည်။ ဦးဝရဉာဏကမူ ထွက်မသွားဘဲ ဆက်နေမြဲနေသည့်အပြင် ဂေါပကအဖွဲ့ဝင် ၂၂ ဦးကိုလည်း ပိုင်နက်ကျူးလွန်မှုဖြင့် အမှုပြန်ဖွင့်ခဲ့သည်။ လက်ရှိတွင် ဂေါပကအဖွဲ့ဝင်များသည် အာမခံဖြင့် တရားရင်ဆိုင်နေကြရသည်။
ထို့ပြင် ပေါက်တူးဖြင့် ဝင်ရောက်ကာ ခြိမ်းခြောက်မှုဖြင့် ရဲစခန်းတွင် ၂၂ ရက်ကြာ ထိန်းသိမ်းခဲ့ရသည့် ၎င်း၏ဒကာနှစ်ဦးသည် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းဖြစ်သည်ဟု ဆိုပြီး ဦးဝရဉာဏက မေလအတွင်းက နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ဝန်ကြီး၊ ဝန်ကြီးချုပ်၊ ရဲချုပ်၊ တရားသူကြီးချုပ် စသည့် မဏ္ဍိုင်သုံးရပ်မှ ထိပ်ပိုင်းခေါင်းဆောင် ၁၃ ဦးတို့ထံ တသီတတန်းကြီး တိုင်စာပို့ခဲ့သည်။
ဦးဝရဉာဏ၏ ညီဝမ်းကွဲဟုဆိုသူ အောင်ဖြိုးဝေကလည်း ၎င်း၏ “ဇနီး” မအိစန္ဒာတို့ လက်ရှိနေထိုင်ရာ ဇီးကုန်းမြို့မှ ဦးလေးဝမ်းကွဲအပေါ် မယားခိုးမှုဖြင့် အမှုဖွင့်ပေးရန် တိုင်ခဲ့သည်။ ထို့ပြင် ထိုသို့တိုင်ကြားသည့်အပေါ် မည်သို့မျှ အရေးမယူဟု ဆိုကာ ဇီးကုန်းရဲစခန်း ခေတ္တစခန်းမှူး ဒုရဲအုပ်နေမိုးကို အရေးယူပေးရန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထံ တိုင်ကြားထားပြန်သည်။
ဘုန်းတော်ကြီး၏ အရှုပ်အထွေးသတင်းများကြောင့်
“ဒီသတင်းက အကုန်ပြန့်နေပြီ။ တပေါင်းပွဲကြီးဆို အရင်နှစ်တွေလောက် မစည်ဘူး။ တကယ်ကို မတည်လှူဒါန်းတဲ့အလှူရှင်တွေလည်း ဒီသတင်းတွေကြားတဲ့အခါ မလှူတော့တာလည်းရှိတယ်” ဟု ၎င်းက ပြောသည်။ ဦးဝရဉာဏကို ယခုအထိ အရေးမယူနိုင်သေးခြင်းမှာ ၎င်းကိုထောက်ခံသူများ ကျန်ရှိနေသေး၍ ဖြစ်သည်ဟု ဦးဝင်းဆွေက ဆက်ပြောသည်။
“ဆင်ဖြူတော်မှီပြီး ကြံစုပ်သလိုပေါ့။ သူက (ဒီအနီးအနားက) ကျောင်းခြောက်ကျောင်းရဲ့ ထောက်ခံချက်ကို ရထားလို့ ဒီလိုနေနေတာပေါ့။ နောက်ပြီး ဆရာတော်ကြီးအရှိန်နဲ့ အရင်က မသိလို့ လှူတဲ့ ဒကာတွေရှိတယ်။ ခုတော့ စဲသွားပြီ” ဟု ၎င်းက ပြောသည်။
ဦးဝရဉာဏကမူ မအိစန္ဒာအပေါ် လိင်ကိစ္စကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်ကိုရော၊ ဂေါပကအဖွဲ့၏ တိုင်တန်းချက်ကိုရော ငြင်းဆိုသည်။ ၎င်းကို စွပ်စွဲနေသည့် ဂေါပကအဖွဲ့သည်လည်း တရားဝင်အဖွဲ့အစည်း မဟုတ်ဟုဆိုကာ သူ့အပေါ်စွပ်စွဲချက်များကို အပြင်းအထန်ငြင်းဆန်သည်။
“ဘုန်းကြီးကတော့ လုပ်ကြံတယ်လို့ ထင်တာပဲ။ သံဃနာယကအဖွဲ့အစည်း စုံစုံလင်လင်နဲ့ လုပ်တယ်လို့ မထင်ဘူး။ နှစ်ပါး၊ သုံးပါးနဲ့တင် ဆုံးဖြတ်တာလို့ပဲ ထင်တယ်” ဟု စွပ်စွဲခံဆရာတော် ဦးဝရဉာဏက Myanmar Now ကို ဖုန်းဖြင့် ဖြေကြားသည်။
ဦးဝရဉာဏကို ထောက်ခံသည့် ဒကာအချို့ကမူ ၎င်းတို့ကိုးကွယ်သည့် ဘုန်းကြီး
စစ်ကိုင်းတိုင်းဒေသကြီးသာသနာရေးဦးစီးဌာနက အဆိုပါပြဿနာကို ကြားဝင်ရန် ပြင်ဆင်နေပြီး တိုင်းအဆင့် သံဃမဟာနာယကဥက္ကဋ္ဌကိုယ်တိုင် ဦးဝရဉာဏကို ခေါ်ယူ “ဩဝါဒပေး”မည်ဟု ကြားကြောင်း၊ မည်သည့်နေ့ဖြစ်မည်တော့ မသိကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက Myanmar Now ကို ဩဂုတ်လ ၉ ရက်နေ့က ပြောသည်။
ကန့်ဘလူမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကမူ ရဲအနေဖြင့် ဦးဝရဉာဏကို ရဟန်းအဖြစ်မှ သိက္ခာမချဘဲ သင်္ကန်းချွတ်ကာ ဖမ်းဆီးစစ်ဆေးပိုင်ခွင့်ရှိ
ကန့်ဘလူ-ဇီးကုန်းရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ်နေမိုးကမူ ရဟန်းတစ်ပါးကို ရဲက လူဝတ်မလဲနိုင်ကြောင်း ပြောသည်။ “လူဝတ်လဲပေးဖို့ဆိုတာ ရဲအသာထား၊ တရားသူကြီးကတောင် အမိန့်မချရဲဘူး။ ဒီပြစ်မှုကို တကယ်ကျူးလွန်တယ်ဆိုရင် မြို့နယ်သံဃနာယက ကိုယ်တိုင် လူဝတ်လဲပေးရမှာ” ဟု ဆိုသည်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး၏
မြန်မာ ဗုဒ္ဓဘာသာဝင်အများအပြား ကြည်ညိုကြသည့် မဟာဗောဓိမြိုင်ဆရာတော်ကြီးသ
“ယခု ဘုရားတပည့်တော်များထံ ရောက်ရှိလာသည့် အမှုနှင့်ပတ်သက်လျှင် အမှုထင်ရှားပါက … ဓမ္မစက် အာဏာစက်တို့ဖြင့် လိုအပ်သလို ဆောင်ရွက်နိုင်ပါသည် အရှင်မြတ်ဘုရား” ဟု ထိုစာတွင် ဖော်ပြထားသည်။ ဆရာတော်ကြီး၏ ဒကာဒကာမများက ဤသတင်းကြားသော်လည်း ဆရာတော်ကြီးနှင့် ဦးဝရဉာဏတို့အပေါ် သက်သက်စီ မြင်ကြသည်။
“ကြားတယ်ဗျ။ ဒါနဲ့ပတ်သက်လို့ကတော့ ဆရာတော်ကြီးက ဆရာတော်ကြီးအပိုင်းပါပဲ။ သူကတော့ တကယ့်သူတော်စင်ဆိုတော့ ခုဖြစ်နေတဲ့ကိစ္စမှာ မထိခိုက်နိုင်ဘူးလို့ ထင်ပါတယ်။ မဟုတ်တာလုပ်တဲ့သူကတော့ မဟုတ်တဲ့လမ်းကိုပဲ သွားကြမှာပေါ့နော်။ သီလနဲ့ မပြည့်စုံဘူးဆိုရင် သူ့အပြစ်နဲ့သူ သွားမှာပါပဲ” ဟု ဆရာတော်ကြီးရေးသားခဲ့သည့် စာအုပ်များကို ထုတ်ဝေဖြန့်ချိသည့် မန္တလေးမြို့ မဟာမြိုင်စာပေမှ ဦးခင်မောင်ဝင်းက ပြောသည်။
တရားလို မအိစန္ဒာကမူ အမှန်တရားပေါ်ပေါက်စေချင်ပြီး သူ့အတွက်တရားမျှတမှုကို လိုလားနေသည်။
“ကျွန်မဆန္ဒမပါဘဲ (အောင်ဖြိုးဝေနဲ့) လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့ရတာ။ ကလေးလေးမွေးတဲ့အထိ ကျွန်မအနားမှာ ဘယ်သူမှ ရှိတာမဟုတ်ဘူး။ ဒီအမှုလည်း အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်။ သူ့ပြစ်ဒဏ်သူ ခံစေချင်တယ်” ဟု ဩဂုတ်လဆန်းပိုင်းက Myanmar Now ကို ပြောသည်။
မအိစန္ဒာ၏မိခင် မုဆိုးမဖြစ်သူ ဒေါ်သန်းကတော့ မည်သူ့ကိုမျှ အပြစ်မတင်ဘဲ ကံကိုသာ ပုံချသည်။
“ကိုယ်တွေလည်း ဒီလိုတရားရုံးတွေ၊ ရဲစခန်းတွေ တိုင်ရမယ်ဆိုတာ သိတာမဟုတ်ဘူးလေ။ ဒီကိစ္စတွေ အခုမှ သိရတာလည်း သူ ဒီလောက်ထိ နုံတာလေ။ အဒေါ်က တရားနဲ့ပဲဖြေတယ်။ သူ့ဟာနဲ့သူ နိဋ္ဌိတံ (ပြီးဆုံး) သွားလိမ့်မယ်” ဟု ရန်ကုန်သို့လိုက်လာသည့် ၎င်းက သမီးနှင့် မြေးကို ငေးကြည့်ရင်း ပြောသည်။