အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နတ်တလူကျောင်းထိုင်ဘုန်းကြီးကို ကာမလိမ်လည်မှုဖြင့် ရဲကအင်အားသုံးဖမ်းဆီး

ရန်ကုန် – အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှု စွပ်စွဲချက်ဖြင့် ရဲက အလိုရှိနေသည့် စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ဇီးကုန်းမြို့နယ်ရှိ နတ်တလူသာသနာပြုစခန်းကျောင်းထိုင်ဆရာတော် ဦးဝရဉာဏကို ယနေ့ ဖမ်းဆီးရလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရဲအင်အား ၇၀ ခန့်ဖြင့် ၎င်းအား သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သို့႔သော် ထိုဘုန်းကြီးအပြင် အမှုတွင် ကြံရာပါဟု စွပ်စွဲခံရသူ ဘုန်းကြီး၏ တကာအချို့ကို မဖမ်းဆီးနိုင်သေးသောကြောင့် ထိုသာသနာပြုစခန်းတွင် လူစုလူဝေးလည်း ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

အသက် ၅၁ နှစ်အရွယ် ထိုဘုန်းကြီးကို မကျေနပ်သောရွာသားများရှိနေရာ လက်လွန်ခြေလွန် မဖြစ်ပေါ်ရန် ဘုန်းကြီးကို ရဲစခန်းမှာပင် လုံခြုံရေးအစောင့်အရှောက်များဖြင့် ထိန်းသိမ်းထားကြောင်း နတ်တလူသာသနာပြုစခန်း၏ ဂေါပအဖွဲ့ဝင် ဦးဟန်ဝင်းက Myanmar Now ကိုပြောသည်။

“ဘုန်းကြီးကို ရဲစခန်းမှာပဲ တိုင်းသံဃနာယကအဖွဲ့ရဲ့ သြဝါဒခံယူစေပြီး လူဝတ်လဲပေးတာ၊ လောလောဆယ်စခန်းမှာ ထိန်းထားတယ်။ လူသတ်မှုတွေ ဖြစ်ကုန်မှာစိုးလို့” ဟု ၎င်းကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခုကိစ္စနှင့်ပတ်သက်ပြီး ကန့်ဘလူမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဇီးကုန်းမြို့နယ်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မအိစန္ဒာသည် မိဘများကိုးကွယ်သည့် တစ်ရွာတည်းနေ နတ်တလူသာသနာပြုစခမ်းမှ ဦးဝရဉာဏ (ခေါ်) လူအမည် ဦးဝင်းနိုင်မှ လွန်ခဲ့သောသုံးနှစ်ခန့်က လက်ထပ်ပါမည်ဟုဆိုကာ အတင်းအဓမ္မကာမရယူခဲ့သည်ဟု ကန့်ဘလူမြို့မရဲစခန်းတွင် ကာမလိမ်လည်ရယူမှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားမှုမှာ ကြန့်ကြာသည်ဟုဆိုကာ မအိစန္ဒာက မန္တလေးမြို့တွင် ၂၀၁၈ ခုနှစ်အတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။ ထို့နောက် ကန့်ဘလူမြို့မရဲစခန်းက ပုဒ်မပြောင်းလဲ တပ်ဆင်ခဲ့ပြီး ဖမ်းဝရမ်းလေးကြိမ်ထုတ်ခဲ့သည် ဟု ဦးဟန်ဝင်းက ပြောသည်။

“တိမ်းရှောင်နေတဲ့လကတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ဦးဝရဉာဏ ရုံးချိန်းပျက်ကွက်တာ လေးခါလောက်ရှိပြီ။ ကလေးမလေး သားအမိတွေကတော့ လုံခြုံရေးအရ အဲဒီအချိန်ကတည်းက တခြားရွာပြောင်းနေကြတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles