အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကပစ ၂၄ ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်လိုတိုက်ခိုက်ခဲ့လဲ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄) နှင့် စက်ရုံနှင့်ဆက်စပ်သည့် နေရာများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များစုပေါင်း၍ ယမန်နေ့ (ဇူလိုင် ၇) က အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ခံရမှုကြောင့် ကပစ ၂၄ စက်ရုံသို့ လျှပ်စစ်သွယ်တန်းထားသည့် ထရမ်စဖော်မာများ ပျက်စီးပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် အနီးပတ်ဝန်းကျင်ရွာမှ ဒေသခံများလည်း တိမ်းရှောင်နေရသည်ဟု သိရသည်။ မကွေးတိုင်း၊ ပေါက်မြို့ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကပစ ၂၄သည် မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၃၀မိနစ် ၀၁စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၁ မိနစ် ၅၀ စက္ကန့်တွင် (21°30’01″N 94°21’50″E) ဖြစ်သည်။ လက်ရှိတွင် အရည်ကျိုစက်ရုံအဖြစ် လည်ပတ်နေပြီး အလူမီနီယံ အချောင်း(Raw)များ ထုတ်လုပ်ပြီး အဆိုပါ အလူမီနီယံ Raw များကို အခြား ကပစ တပ်များသို့ ဖြန့်ခွဲသုံးစွဲနေသည်ဟု CDM စစ်သားများထံမှ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လမ်းညွှန်ချက်အရ ဒရုန်းဗုံးသီး အများအပြား အသုံးပြုခဲ့သည့် ထိုတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ်ရော့ကတ်တပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်အဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်)၊ မွေပြွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles