ကချင်လွတ်လပ်ရေးတပ်မတော် KIA က အခုနှစ် မတ်လဆန်းမှာ အရှိန်မြင့်လိုက်တဲ့ ထိုးစစ်မှာ အထိနာနေတဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ မျက်နှာသာရဖို့အတွက် ကာလရှည်ကြာရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ လုပ်ဆောင်လာပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရေး၊ စီမံကိန်းအစုရှယ်ယာဝင်တွေနဲ့ ဆွေးနွေးဆုံးဖြတ်ရေးတွေ လုပ်ဆောင်ဖို့လို့ အကြောင်းပြပြီး စစ်ကောင်စီရဲ့ အရာရှိ ၁၁ ဦးပါဝင်တဲ့ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်မှာ ဖွဲ့စည်းခဲ့တာပါ။ မြန်မာပြည်ရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို ဟန့်တားပိတ်ဆို့မယ့် မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ချင်တဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ မျက်နှာသာရဖို့ မြန်မာပြည်သူတစ်ရပ်လုံးကို ထပ်ပြီး စိန်ခေါ်လိုက်တာပဲလို့လည်း အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေကတော့ သဘောထားက ဘယ်လိုရှိပါသလဲ။ ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ သတင်း၊ တင်ဆက် – မောင်ရွှေဝါ၊ စထွန်းအောင်
Read Next
August 27, 2024
မိုးမောက်နှင့် မံစီတွင် စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်
August 15, 2024
ကျောက်စိမ်းမြို့တော် ဖားကန့်၏ အမြင့်ဆုံးနေရာတွင် တည်ဆောက်ထားသည့် စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်
July 31, 2024
ဗန်းမော်အနီး ခမရ ၄၃၇ ကို KIA ထိုးစစ်ဆင်၊ စစ်တပ်က အပြင်းအထန် ခုခံနေ
July 16, 2024
စစ်ကောင်စီ တစ်ကျော့ပြန်ထိုးစစ်ကြောင့် ကချင်၊ မိုးမောက်တွင် တိုက်ပွဲပြင်းထန်
July 1, 2024